ပန်းတနော်၌ ပြည်တွင်းထွက်သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်နည်း သင်တန်းဖွင့်လှစ် သင်ကြားလျက်ရှိ

ပန်းတနော်၊ နိုဝင်ဘာ ၁၉

 

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစု ဝင်ငွေများတိုးပွားစေရန်ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပြည်တွင်းထွက်သီးနှံ အခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်နည်း သင်တန်းကို ပန်းတနော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ နိုဝင်ဘာ ၁၅ ရက်မှ ၂၅ ရက်အထိ ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ ကျုံတုံးကလေးကျေးရွာနှင့် သရက်တောကျေးရွာတို့မှ သင်တန်းသား၊ သင်တန်းသူ ၃၀ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

 

အခမ်းအနားကို နိုဝင်ဘာ ၁၅ ရက်နေ့က ဖွင့်လှစ်ပေးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဦးစီးမှုး ဦးနေထက်ရှိန်က အမှာစကား ပြောကြား၍ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးနိုင်ထူးက သင်တန်း နှင့် ပတ်သက်သည့် အကြောင်းအရာများ၊  သင်တန်းစည်းကမ်းများအား ဆွေးနွေး ပြောကြားခဲ့ သည်။

 

ပြည့်ဖြိုးကျော်(ပန်းတနော်)