ပန်းတနော်မြို့၌ ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးအပိုဆောင်းထိုးနှံခြင်းလုပ်ငန်း(၂၀၁၉) မြို့နယ် အဆင့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ပန်းတနော်    ၁၉     နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်း ထိုးနှံခြင်းလုပ်ငန်း (၂၀၁၉)မြို့နယ်အဆင့် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀နာရီက မြို့နယ် ပြည်သူ့ကျန်မာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

 

၂

 

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစန်းမောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအေးမင်းသန်းက  ဝက်သက်ရောဂါ လက္ခဏာ၊ ဂျိုက်သိုးရောဂါ လက္ခဏာနှင့် ကာကွယ်ဆေးအပိုဆောင်း ထိုးနှံသွားမည့် အစီအစဉ်နှင့် ပတ်သက်၍ အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများက သိရှိလို သည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

 

ပန်းတနော်မြို့နယ်တွင် ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်း လုပ်ငန်း အစီအစဉ်ကို နိုဝင်ဘာ (၂၆)ရက်နေ့မှ (၂၈)ရက်နေ့အထိ  ၉ လမှ ၅နှစ်ခွဲအောက် ကလေးငယ် များအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အေးချမ်းအောင်(ပြန်/ဆက်)