ပန်းတနော် ၁၈ ဇွန်
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပန်းတနော် မြို့နယ် ဆိုင်းဘုတ်နှင့် မြို့အဝင်အထွက် ရန်ကုန်-ပုသိမ် ကားလမ်းမတွင် သဘာဝပတ်ဝန်းကျင် သာယာ လှပစေရေး မိုးရာသီကာလ၌ အလှပန်းပင်များကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အလှပန်းပင်များစိုက်ပျိုးရာတွင် မော်နီဂလိုရီ၊ ကြည်ပြာစမ်းစသည့် အလှပန်းပင်များ ဖြစ်ကြပြီး ပန်းတနော်မြို့ လှပသာယာစေရေးအတွက် ပန်းတနော်မြို့နယ် ဆိုင်းဘုတ်ဘေး ပတ်ဝန်းကျင်နှင့် မြို့အဝင်အထွက် ရန်ကုန်- ပုသိမ်ကားလမ်းမဘေး ဝဲ/ ယာ တစ်လျှောက်တွင် သွားရောက် စိုက်ပျိုး လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြည့်ဖြိုးကျော်(ပန်းတနော်)


