ပြန်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တရုတ်နိုင်ငံ South China Morning Post သတင်းဌာန၊ ဂျပန်နိုင်ငံ Nikkei Asian News ၊ Kyodo News ၊ TBS နှင့် Asahi Shinbon သတင်းဌာနများမှ သတင်းထောက်များ၏ မေးမြန်းမှုများဖြေကြား

နေပြည်တော် ဖေဖော်ဝါရီ ၂၃

 

ပြန်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် တရုတ်နိုင်ငံ South China Morning Post သတင်းဌာန၊ ဂျပန်နိုင်ငံ Nikkei Asian News ၊ Kyodo News ၊ TBS နှင့် Asahi Shinbon သတင်းဌာနများမှ သတင်းထောက်များအား ယနေ့မွန်းလွဲပိုင်းတွင်   ဗွီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံပြီး မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အဖွင့်မိတ်ဆက်စကားပြောကြားရာတွင် ယခုလို ထပ်မံဆုံတွေ့ခွင့်ရသည့်အတွက် အထူးပင် ဝမ်းမြောက်မိပါကြောင်း၊ အခါအခွင့်သင့်၍ မြန်မာ နိုင်ငံနှင့်ပတ်သက်သည့် သိသင့်သိထိုက်သည်များကို  ပြောကြားလိုပါကြောင်း၊ ယခုလို ဆွေး နွေး ပြောကြားချက်များကို နိုင်ငံတကာသို့ သတင်းစကားပါးပေးရန်နှင့် မြန်မာနိုင်ငံနှင့် ပတ် သက်သည့် သတင်းမှားများ၊ တဖက်သတ်စွပ်စွဲချက်များကို ရှင်းလင်းဖော်ပြပေးရန် အထူးပင် မေတ္တာရပ်ခံလိုပါကြောင်း။

 

ယခုဆိုလျှင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့သည် မှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ တစ်နှစ်တာကာလအတွင်း မိမိတို့ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများကို ပြန်ကြည့်လျှင် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ဦးထိပ် ထားပြီး လုပ်သင့်လုပ်ထိုက်၊ ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်သည်များကို မနားမနေ ဆောင် ရွက်  ခဲ့ သည်ကို သိမြင်နိုင်မည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် အမျိုးသားနိုင်ငံရေး လုပ်ငန်းစဉ် နှစ်ခုဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံစေရေး ကိစ္စများကို ဇောင်း ပေး ဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံရေးလုပ်ငန်းစဉ်နှစ်ခုဖြစ်သည့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည် ထောင် စု တည်ဆောက်ရေးဆိုသည့် လုပ်ငန်းစဉ်များကိုလည်း တစိုက်မတ်မတ် ဆောင်ရွက် ပေးခဲ့သည်ကို တွေ့မြင်နိုင်မည်ဖြစ်ပါကြောင်း။

 

ယင်းလုပ်ငန်းတာဝန်များကို ထမ်းဆောင်သည့်အခါ မသမာသူ အကြမ်းဖက်သမား များ၏ ဟန့်တားနှောက်ယှက်မှုအမျိုးမျိုးကို ကြုံတွေ့ခဲ့ကြသော်လည်း ပြည်သူအများ၏ လက် ခံယုံကြည်မှု၊ အားပေးကူညီမှုများ ရရှိခဲ့သည့်အတွက် အထိုက်အလျောက် အောင်မြင်မှုရှိ သည်ဟု ဆိုနိုင်ပါကြောင်း။

 

ထပ်မံ၍ ပြောကြားလိုသည့်အချက်မှာ မကြာသေးခင်က ကျင်းပပြီးစီးခဲ့သည့် မိမိတို့ နိုင်ငံ ၏ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားကြီး ကျင်းပပြီး စီးမှုပင် ဖြစ်ပါကြောင်း၊ ယင်းအခမ်းအနားကြီးကို ကျောင်းသူ ကျောင်းသားများ၊ နိုင်ငံ့ဝန်ထမ်း များ၊ တမ်မတော်သားများ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များက စိတ်အားတက်ကြွစွာ ပါဝင်ဆင်နွှဲခဲ့ကြပြီး နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည့်အတွက် မြန်မာနိုင်ငံတွင် ကျင်းပသည့် အခမ်းအနားများထဲမှ အနှစ်သာရအပြည့်ဝဆုံးနှင့် အခမ်းနား ဆုံးအဖြစ် ပြည်သူအားလုံးက မှတ်တမ်းတင်ဂုဏ်ပြုခဲ့ကြပါကြောင်း။

 

ယခုကဲ့သို့ အခမ်းအနားကြီးကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခြင်းသည် နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီနှင့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမများ အားလုံးက နားလည်ယုံကြည်မှု၊ စည်းလုံးညီညွတ်မှုနှင့် အတူတကွ တည်ရှိနေသည်ကို ပြသနိုင်ခဲ့သည်ဟု ပြောကြားလိုပါကြောင်း။

 

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေး အတွက် ထာဝရငြိမ်းချမ်းရေး ရရှိရေးသည် အလွန်အရေးကြီးသည်ဟု မိမိတို့ ခံယူထား ပါ ကြောင်း၊ ယနေ့အချိန်တွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် အဖွဲ့အစည်းများမှ အပ NCA လက်မှတ်ရေးထိုးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် NCA လက် မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုပါ ထာဝရ ငြိမ်း ချမ်း ရေး ဆွေးနွေးရန် ဖိတ်ခေါ်ထားပါကြောင်း၊ ထိုသို့ ဖိတ်ခေါ်သည့်အခါ ထူးခြားချက် အနေ ဖြင့် ဆွေးနွေးမည့် အကြောင်းအရာများကို ကြိုတင်ကန့်သတ်ချက်မထားဘဲ တတ်နိုင်သမျှ လွတ်လွတ်လပ်လပ် နှီးနှောဖလှယ်ရန် ရည်ရွယ်ချက်ထားရှိပြီး ဖိတ်ခေါ်ထားခြင်း ဖြစ်ပါ ကြောင်း၊ တစ်နည်းအားဖြင့်ပြောရလျှင် ငြိမ်းချမ်းရေးနှင့် အချုပ်အခြာအာဏာ တည့်တံ့ ခိုင်မြဲ ရေး လုပ်ငန်းစဉ်အဖြစ် ယခုနှစ်မှစ၍ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်စတင်မည် ဖြစ်ကြောင်းကို အသိပေးပြောကြားလိုပါကြောင်း။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကို ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအနေဖြင့် အမျိုးသားရေးလုပ်ငန်းစဉ်နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြော ရေးနှင့် စာနပ်ရိက္ခာဖူလုံရေးလုပ်ငန်းစဉ်၊ နိုင်ငံရေးလုပ်ငန်းစဉ်နှစ်ရပ် ဖြစ်သည့် စစ်မှန် စည်း ကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ဆို သည့် လုပ်ငန်းစဉ်နှင့် ငြိမ်းချမ်းရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး လုပ်ငန်း စဉ်များကို ယခုနှစ်မှစပြီး ပြည်သူများနှင့်အတူ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ တရုတ်နိုင်ငံ South China Morning Post သတင်းဌာန၏ တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်၊ ချင်းနှင့် ကယားပြည်နယ်တို့ကဲ့သို့သော နိုင်ငံ၏အစွန်အဖျား ဒေသများ၌ ထိန်းချုပ်မှု/ စိုးမိုးမှု ဆုံးရှုံးနေပါသလား မေးခွန်းနှင့်  စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက CRPH, NUG, PDF စသည့် အကြမ်းဖက်အဖွဲ့အစည်းများသည်  လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ အချို့ဒေသ များတွင် အကြမ်းဖက်မှုလုပ်ရပ်များကို မကြာခဏလုပ်ဆောင်ပြီး လူမှုကွန်ယက်စာမျက်နှာ များမှတစ်ဆင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုမရှိကြောင်း ဝါဒဖြန့် ဆောင်ရွက်နေကြ သည်ကို သတင်းထောက်ကြီးအသိပင်ဖြစ်ပါကြောင်း၊  ယခုကဲ့သို့ အကြမ်းဖက် ဥပဒေမဲ့ ရမ်း ကားသည့်လုပ်ရပ်များကြောင့်  ပြည်သူများသည် အသက်အိုးအိမ် စည်းစိမ် လုံခြုံမှုမရှိဘဲ စိုးရိမ်ကြောင့်ကြစွာ၊ စိတ်မချမ်းသာစွာ နေထိုင်နေကြရပြီး တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အစရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ရရှိစေရေးနှင့် တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများကို အချိန်ပြည့် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

 

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လူမှုဘဝများ ပုံမှန်ရှင်သန်လည်ပတ် နိုင် အောင် လုံခြုံရေးရှုထောင့်က အလေးထားဆောင်ရွက်နေသောကြောင့် ထိန်းချုပ်နိုင်မှု၊ နိုင်ငံ့ လုံခြုံရေးစိုးမိုးနိုင်မှု ဆုံးရှုံးခြင်းမျိုး မဖြစ်ပါကြောင်း၊  စိတ်ခံစားမှုကို ရှေ့တန်းတင်ပြီး တရား ဥပဒေမဲ့ လူမဆန်သည့် လုပ်ရပ်များအတွက် အချိန်တိုအတွင်း ဥပဒေဘောင်အတွင်းက လူအ ခွင့် အရေးဆုံးရှုံးမှုမရှိစေရေး အလေးထား ဆောင်ရွက်ခဲ့သည့်အတွက် နိုင်ငံလုံခြုံရေးနှင့်  တည်ငြိမ် ရေးကို ရာနှုန်းပြည့်ထိန်းချုပ်ထားနိုင်သည်ဟု ဖြေကြားလိုပါကြောင်း၊  နယ်စပ်ဒေသ များတွင် CRPH, NUG, PDF တို့၏ လက်နက်ပြ ခြိမ်းခြောက်မှုများကို တပ်မတော်က ရှင်း လင်းဆောင်ရွက်ပေးနေပြီး ပြည်သူလူထုကို အပြည့်အဝ ကာကွယ်စောင့်ရှောက်  ပေးနေပါ ကြောင်း၊   ယခုကဲ့သို့ တရားမဲ့ အနိုင်ကျင့်သတ်ဖြတ်မှုများကို ပြည်သူများက  မခံမရပ်နိုင်ဖြစ် နေ ကြောင်း စာများရေးသား တင်ပြမှုများလည်း ရှိနေပါကြောင်း၊  နိုင်ငံ၏ နေရာဒေသအား လုံးတွင် လုံခြုံတည်ငြိမ်ရေးကို လုံးဝထိန်းချုပ်ထားနိုင်ပြီး တိုင်းဒေသကြီး/ ပြည်နယ်များက ရပ်ကွက်/ကျေးရွာအုပ်စု (၁၆၃၇၀)တွင် အုပ်ချုပ်ရေးမှူး (၁၅၇၄၂)ဦး ခန့်အပ်ပြီးဖြစ်ပါ ကြောင်း၊   CRPH, NUG, PDF တို့၏ ခြိမ်းခြောက်မှုကြောင့် နှုတ်ထွက်သွားသည့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး (၃၁၇၆)ဦးရှိခဲ့ရာ (၂၆၁၉)ဦး ပြန်လည်ခန့်အပ်ထားနိုင်ပြီ ဖြစ်ပြီး မြို့ရွာ လုံခြုံရေးကို အပြည့်အဝ ဆောင်ရွက်နိုင်ပါကြောင်း ဖြေကြားသည်။

 

ယင်းနောက် တပ်မတော်မှ အခြားဘက်သို့ ကူးပြောင်းခိုလှုံသွားသည့် သတင်း များ ရရှိထားသည့်အတွက် လူကြီးမင်းအနေဖြင့်မည်သို့ တုံ့ပြန်ရှင်းလင်းပြောကြားလိုပါသလဲ မေး ခွန်း နှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက  ယင်းကိစ္စနှင့် စပ်လျဉ်း၍ တပ်မတော်သားများ  အပြစ် ကျူးလွန်ခဲ့မည်ဆိုပါက တပ်မတော်သားများအတွက် ပြဋ္ဌာန်းထားသည့် တပ်မတော်၏ စည်းမျဉ်းစည်းကမ်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊  အလားတူ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ဥပဒေကို ချိုးဖောက် ကျူးလွန်ဆောင်ရွက်ခဲ့မည်ဆိုပါက  ရဲတပ်ဖွဲ့၏ စည်းမျဉ်းစည်းကမ်းဥပဒေများနှင့် အညီ အရေးယူသွားမည်ဖြစ်ပါကြောင်း၊ အင်တာနက်စာမျက် နှာပေါ်တွင် တွေ့မြင်နေရသည့် သတင်းများသည် ဥပဒေချိုးဖောက်ပြီး ၎င်းတို့၏အပြစ်ကို ဝန်ခံရန်သတ္တိမရှိသည့် သူရဲဘောကြောင်သော လောက်ကောင်တစ်ယောက်/နှစ်ယောက်၏ သတင်းများသာဖြစ်ပြီး ယင်းသတင်းများကို ပုံကြီးချဲ့ပြောဆို လွှင့်တင်နေကြခြင်းဖြစ်ပါကြောင်း၊  ဥပဒေကို ချိုးဖောက်ပြီး အမှန်တရားကို ရင်ဆိုင်ဖြေရှင်းရန် ကြောက်ရွံ့သည့် လက်ချိုးရေ၍ရသည့် အရေအတွက် အနည်းငယ်သာ အကြောက်တရားနှင့် စည်းရုံးမှုကြောင့်သာ ပါသွားခြင်းမျိုးဖြစ်ပါ ကြောင်း၊  တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှာ နိုင်ငံတော်နှင့် ပြည်သူများ အပေါ် ၁၀၀ ရာခိုင်နှုန်းအပြည့် သစ္စာစောင့်သိစွာ၊ တာဝန်ကျေစွာ အချိန်ပြည့်ထမ်းရွက်လျက် ရှိနေကြ ပါ ကြောင်း၊  တစ်နိုင်ငံလုံးတွင်ရှိသည့် နိုင်ငံ့ဝန်ထမ်းများသည် လက်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ တရားမျှတမှန်ကန်သည့် နိုင်ငံတော်စီမံခန့်ခွဲမှုအပေါ် ယုံကြည်လေး စား လက်ခံမှုကို (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြု အခမ်းအနားတွင် နိုင်ငံ့ဝန်ထမ်းများ ချီတက်မှုက သက်သေပြလျက်ရှိပါကြောင်း ဖြေကြားသည်။

 

ထို့နောက် CDM/NUG/NUCC အဖွဲ့များကို အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့များနှင့် သဏ္ဍာန်တူသည့် အကြမ်းဖက်ဝါဒဖြင့် ချိတ်ဆက်နေသူများအဖြစ် မြန်မာပြည်သူများ၏ စိတ် တွင်ထင်ဟပ်စေရန် လူကြီးမင်းအနေဖြင့် ပြသသွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အကျိုး ဖြစ် ထွန်းစေပါသလား၊ လူကြီးမင်း၏သဘောထားမှာမည်သို့ ရှိပါသလဲ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက CDM/ NUG/ NUCC အဖွဲ့များသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများကို ထိခိုက်ပျက်စီးစေခြင်း၊ လမ်းတံတားများကို ဖောက်ခွဲ ဖျက် ဆီး ခြင်း၊ အပြစ်မဲ့ပြည်သူလူထုအား စိုးရိမ်ထိန့်လန့်စေရေး မြို့ရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ အကြောင်းမဲ့သတ်ဖြတ်ခြင်းစသည့် နိုင်ငံတကာတွင် အကြမ်းဖက်အဖွဲ့အစည်းများ ပြုလုပ် နေသည့် လုပ်ရပ်များကဲ့သို့ အပြစ်မဲ့သည့် မိမိနိုင်ငံသားများကို လုပ်ဆောင်နေကြသောကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာခဲ့ရပါကြောင်း၊  နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေးကိစ္စများကို ဥပဒေဘောင်အတွင်းမှ တရားနည်းလမ်းကျစွာ ဖြေရှင်းဆောင်ရွက် ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ အဓိက အခြေခံအကြောင်းတရားဖြစ်ပါကြောင်း၊  တရားဥပဒေမဲ့ လူသတ်၊ မီးရှို့၊ ဖျက်ဆီး၊ မိုင်းထောင်၊ ဖောက်ခွဲ၊ ငါ့နှင့်မတူငါ့ရန်သူဆိုပြီး ဒလန်ဟု စွပ်စွဲမှုများသည် အကြမ်းဖက်ဝါဒစစ်စစ်ဖြစ်သည့်အတွက် ယင်းဝါဒကို လက်ကိုင်ပြု ဥပဒေပြင်ပ လုပ်ဆောင်မှုမှန်သမျှကို မည်သည့်နိုင်ငံ၊ မည်သည့်အစိုးရကမျှ လက်ခံခွင့်လွှတ် နိုင်မည် မဟုတ်ပါကြောင်း၊  ထို့ကြောင့် CDM/ NUG/ NUCC အဖွဲ့များသည် လူမဆန်သည့် အကြမ်းဖက် အဖွဲ့များဖြစ်သည်ဟု အတိအကျအခိုင်မာ ပြောလိုပါကြောင်း။  

 

အကြမ်းဖက်သမားများ၏ လုပ်ဆောင်မှုကြောင့်  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်အထိ  တစ်နိုင်ငံလုံး ပျက်စီးဆုံးရှုံးမှု၊ သေဆုံး/ ဒဏ်ရာရရှိမှု၊ သိမ်း ဆည်း ရရှိမှုနှင့် ဖမ်းဆီးရရှိမှုစာရင်းများမှာ လမ်း/တံတားများ ဖျက်ဆီးခံရမှု(၅၂၅)ခု၊ ဆေးရုံ၊ ဆေးခန်းများ ဖျက်ဆီးခံရမှု(၂၇)ခု ၊ စာသင်ကျောင်း၊ ပညာရေးအဆောက်အဦများ ဖျက်ဆီး ခံရမှု (၅၀၄)ခု၊ ရဟန်းသံဃာများသေဆုံးမှု(၂၀)၊ အစိုးရဝန်ထမ်းများသေဆုံးမှု(၉၅)ဦး၊ အစိုးရ ဝန်ထမ်းများဒဏ်ရာရရှိမှု(၁၅၃)ဦး၊ တစ်နှစ်တာအတွင်း အကြမ်းဖက်မှု(၉၄၃၇)မှု၊ လက်နက် မျိုးစုံ သိမ်းဆည်း ရရှိမှု(၅၆၀၆)ခု၊ ခဲယမ်းမျိုးစုံသိမ်းဆည်းရရှိမှု (၁၆၁၅၅၆)ခု၊ လက်ပစ်ဗုံးများ သိမ်းဆည်းရရှိမှု(၁၈၉၀) ၊ လက်လုပ်မိုင်း/ ဗုံးများသိမ်းဆည်းရရှိမှု(၁၁၄၂၄)ခု၊ အကြမ်းဖက် သမားများ ဖမ်းဆီးရရှိမှု (၄၃၃၈)ဦးဖြစ်ပါကြောင်း၊   CDM/ NUG/ NUCC အကြမ်းဖက် အဖွဲ့များသည် ငါနှင့် မတူငါ့ရန်သူဟု သဘောထားသတ်မှတ်ပြီး အပြစ်မဲ့ ပြည်သူများကို ဒလန်စွပ်စွဲ သတ်ဖြတ်နေကြပြီး ဘုန်းတော်ကြီး ရဟန်းသံဃာများကိုပါ ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ပြပြီး ပြည်သူများကို အကြောက်တရားနှင့် ခြိမ်းခြောက်ကာ တိုင်းပြည် တည်ငြိမ် အေးချမ်းရေးကို တရားဥပဒေမဲ့ ကျူးလွန်ဖောက်ဖျက်နေသူများ ဖြစ်သည်ဟု ဖြေကြားသည်။

 

ဆက်လက်၍  ဂျပန်သတင်းဌာနဖြစ်သည့် Nikkei Asian News သတင်းဌာန၏ လာ မည့်ရွေးကောက်ပွဲကို မည်သည့်နေ့တွင် ကျင်းပမည်ကိုသိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ် ပုဒ်မ ၄၁၇ အရ အရေးပေါ် အခြေ အနေကြေညာ၍ နိုင်ငံတော်တာဝန်ကို ခေတ္တလွှဲပြောင်းယူခဲ့ခြင်းဖြစ်ပါကြောင်း၊  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ထဲမှ ကတိကဝတ် များကို အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင် နောက်ဆုံးအချက်ဖြစ်သည့် လုပ်ဆောင်ဖွယ်ရာများ လုပ်ဆောင်ပြီးပါက  ရွေးကောက်ပွဲအသစ် ပြန်လည်ပြုလုပ်၍ အနိုင်ရရှိသည့် ပါတီအား အာဏာပြန်လည် လွှဲပြောင်းပေးမည်ဟု ပါရှိပါ  ပါ ကြောင်း၊  နိုင်ငံတစ်ဝန်းတည်ငြိမ်အေးချမ်းမှုရလာသည့်အပေါ် (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၂၉ အရ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးသွား မည်ဖြစ်ပါကြောင်း၊  အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးသည့်အခါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၂၈ အရ ဖွဲ့စည်းထားပြီး ယခုလက်ရှိ နိုင်ငံတာဝန်ကို ထမ်းဆောင်နေသည့် အဆင့် ဆင့်သော အာဏာပိုင်အဖွဲ့အစည်းများက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၀ အရ ဖွဲ့စည်း သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းများ ဖွဲ့စည်းပြီး သည်အထိ မိမိတို့၏ လုပ်ငန်းတာဝန် များကို ဆက်လက်ဆောင် ရွက်သွားရမည် ဖြစ်ပါ ကြောင်း၊  သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူ များကလည်း (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ ကဏ္ဍအလိုက် မိမိတို့ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန်များကို စနစ်တကျ လွှဲပြောင်း ပေးသွားမည် ဖြစ်ပါကြောင်း။

 

လက်ရှိအခြေအနေတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ နိုင်ငံတော်ကို နိုင်ငံရေး အရ အရေးပေါ်ကာလ နောက်ထပ် ၆ လတိုးမြှင့်သွားမည် ဖြစ်ပါကြောင်း၊  အဆိုပါ ကာလ အတွင်း  နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ပြည်သူ့ဘဝ လုံခြုံရေးနှင့်  ငြိမ်းချမ်းရေး ကိစ္စများ ကို အထူးဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းဆောင်ရွက် မှသာပြည် သူများ၏ လိုလားချက်ဖြစ်သည့် “စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်” လမ်းကြောင်းမှန်ကို ပြည်လည် ရောက်ရှိလာမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ယင်းနောက် တပ်မတော်သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကို လက်တွေ့ကျစွာ ပြန် လည်တည်ဆောက်နိုင်နေပြီလား မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ငြိမ်းချမ်း ရေး လုပ်ငန်းများကို အစိုးရအဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိရောက်စွာ ဆွေးနွေးဆောင်ရွက် နိုင်ရန်အတွက် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို ယခင်က အဖွဲ့ဝင် ၄ဦးဖြင့် ဖွဲ့စည်းထားရာမှ အဖွဲ့ဝင် ၇ ဦးအထိ တိုးချဲ့ဖွဲ့စည်းပေးခဲ့ သည်ကို တွေ့မြင်ရမည်ဖြစ်ပါ ကြောင်း၊ ထိုကဲ့သို့ ပြင်ဆင်ဖွဲ့စည်း လိုက်ခြင်းသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ထာဝရငြိမ်းချမ်းရေးရရှိရေးသည် အလွန်အရေးကြီးကြောင်း တပ်မတော်အနေဖြင့် ခံယူထားမှုကို ပြသလိုက်ခြင်း ဖြစ်ပါကြောင်း။

 

ထိုကဲ့သို့ ခံယူထားသည့်အတွက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ထာဝရ ငြိမ်း ချမ်းရေးအတွက် ကြေညာချက်အမှတ် ၁/ ၂၀၂၂ ထုတ်ပြန်ပြီး ဖိတ်ခေါ်ခဲ့ပါကြောင်း၊ ထိုသို့ ဖိတ် ခေါ်သည့် ကြေညာချက်ကို ကြည့်လျှင် တပ်မတော်သည် ယခင်ဖိတ်ခေါ် ဆောင်ရွက်မှုများနှင့် မတူဘဲ ဆွေးနွေးရမည့် အကြောင်းအရာများကို ကြိုတင်ကန့်သတ်ချက်မထားဘဲ တတ်နိုင်သရွေ့  လွတ်လပ်စွာ ဆွေးနွေးဖလှယ်နိုင်ရန် ရည်ရွယ်ဖိတ်ခေါ်ထား သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။

 

ယင်းကြေညာချက်နှင့်အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO များကို စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန် လေးစားစွာ ဖိတ်ခေါ်ခဲ့သည်ကိုလည်း တွေ့ရမည်ဖြစ်ပါကြောင်း၊ တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် ထုတ်ပြန်ချက်ပေါင်း အကြိမ် ၂၀ ခန့် ထုတ်ပြန် ရပ်စဲ ပေးခဲ့သည်ကိုကြည့်လျှင် တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးကို အမှန် တကယ် လိုလားပြီး ငြိမ်းချမ်းရေးရရှိရန် လက်တွေ့ကျစွာဆောင်ရွက်နေ သည်ကို တွေ့ရှိရမည်ဖြစ်ပါ ကြောင်း။

 

ထို့ပြင် ကျန်းမာရေးထက် အရေးကြီးသည့် အရာမရှိဟု ခံယူထားသည့်အတွက် EAO များကို ကိုဗစ် ၁၉ရောဂါ မကူးစက်စေရန်အတွက်  ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို ဦးစားပေး အလေးထားစီစဉ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထိုအရာများကို ခြုံငုံကြည့်မည် ဆိုလျှင် တပ်မတော်သည် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် NCA သဘော တူညီချက်များနှင့်အညီ ဖြစ်နိုင်သမျှ လုပ်ဆောင်နေသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း၊ တစ် နည်းအားဖြင့် တစ်နိုင်ငံလုံးရေရှည်တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေးရရှိရေးသည် တပ် မတော်၏ အပြင်းပြဆုံးဆန္ဒဖြစ်သည်ဟု ပြောနိုင်ပါကြောင်း၊ ထို့ပြင် ၂၀၂၂ခုနှစ်တွင် ငြိမ်းချမ်း ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ယင်းနောက် မြန်မာနိုင်ငံ၏ ဒေသတွင်း စီးပွားရေးမိတ်ဖက် အစီအစဉ်များကို သိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်ကာလအတွင်း နိုင်ငံခြား ကုမ္ပဏီများမှာ ၎င်းတို့၏ နိုင်ငံများကို ပြန်သွားကြကြောင်း၊ မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်များသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလမှ စ၍ ပြန်ဝင်လာခဲ့ကြသည်မှာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် Business visa ထောက်ခံဆောင်ရွက်ပေးပြီး Relief Flight များ ဆောင်ရွက် ပေးခဲ့သည့် ကုမ္ပဏီပေါင်း ၃၂၀၀ ကျော်ရှိပြီး နိုင်ငံခြားသားအရေအတွက်အားဖြင့် ၉၀၁၀ ဦးရှိပါကြောင်း၊ ပြည်ပနိုင်ငံကြီးများ၏ ဖိအားပေးမှုကြောင့် ထွက်ခွာသွားသည့် ကုမ္ပဏီကြီးများ ရှိသကဲ့သို့ အသစ်ဝင်လာသည့် ကုမ္ပဏီ များလည်း ရှိပါကြောင်း။

 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ၁၂ ခုတွင် လုပ်ငန်းပေါင်း ၄၄ ခု၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၈၂၃ ဒသမ ၀၁၅ သန်း ခွင့်ပြုပေးခဲ့ပါကြောင်း၊ ယင်းတို့အနက် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၀၆၂ ဒသမ ၁၃၈ သန်းဖြင့် ပထမ၊ အခြားဝန်ဆောင်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၂၃၇ ဒသမ ၅၆၄ သန်းဖြင့် ဒုတိယ၊ စက်မှုကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁၉၉ ဒသမ ၈၉၄ သန်းဖြင့် တတိယအများဆုံး ရင်းနှီးမြှုပ်နှံထားပါကြောင်း။

 

နိုင်ငံအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (By Country)ကို ကြည့်လျှင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ နိုင်ငံပေါင်း ၁၄ ခုမှ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏ အမေရိကန်ဒေါ်လာ ၃၈၂၃ ဒသမ ၀၁၅ သန်း ဝင်ရောက် ခဲ့ပါကြောင်း၊ ယင်းတို့အနက် ယူနိုက်တက်ကင်းဒမ်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၂၅၀၄ ဒသမ ၄၃၅ သန်းဖြင့် ပထမ၊ ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၅၁၆ ဒသမ ၄၂၉ သန်းဖြင့် ဒုတိယ၊ စင်ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၄၄၂ ဒသမ ၂၀၂ သန်းဖြင့် တတိယအများဆုံး ရင်းနှီးမြှုပ်နှံ ထားပါကြောင်း။

 

လက်ရှိအခြေအနေတွင် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းနေသည်ကို ပြန်တက်လာရန်အတွက် ရင်းနှီးမြှုပ်နှံသူများ လက်ရှိကြုံတွေ့နေရသည့် အခွန်အခများကို ဖြေရှင်းပေးနိုင်ရန် ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ရင်းနှီးမြှုပ်နှံသူများ ဘဏ်မှ လွယ်ကူ လျင်မြန်စွာ ငွေထုတ်ယူနိုင်ရေး ကူညီဆောင်ရွက်ပေးခြင်း၊ ရင်းနှီးမြှုပ်နှံသူများ ကယ်ဆယ်ရေး လေယာဉ်ဖြင့် လိုက်ပါနိုင်ရေးအတွက် လိုအပ်သောထောက်ခံချက်များ ဆောင်ရွက်ပေး ခြင်းတို့ကို လုပ်ဆောင်ပေးနေသကဲ့သို့ ရင်းနှီးမြှုပ်နှံသူများ၏ အခက်အခဲကို ပိုမိုထိုရောက်စွာ ဖြေရှင်းပေးနိုင်ရန်တွက် DICA Online Solution – DOSo စနစ်ကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မကြာခင် အများပြည်သူများ လွယ်ကူ လျင်မြန်စွာ အသုံးပြု နိုင်တော့မည်ဖြစ်ပါကြောင်း၊ ထို့အပြင် ရင်းနှီးမြှုပ်နှံမှုခွင့်ပြုမိန့်ပေးသည့် လုပ်ငန်းစဉ်များကို ရိုးရှင်းလွယ်ကူစေရန်နှင့် အချိန်ကုန်သက်သာစေရန်အတွက် ဒီဂျစ်တယ် နည်းလမ်းပေါ်သို့ ခေါ်ဆောင်သွားသည့် Investment Monitoring Software Phase 1 ကို ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း။

 

ရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာစေရေးအတွက် Investor Targeting Campaign ကို စီစဉ်ဆောင်ရွက်နေပါကြောင်း၊ အစီအစဉ်အရ တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံအပါအဝင် အခြားမိမိတို့ မိတ်ဆွေ သင့်လျော်သည့် နိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ဆွဲဆောင်စည်းရုံးသွားမည်ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံတွင် နိုင်ငံတကာက ကုမ္ပဏီများ ပြန်လည်ဝင်ရောက်ရင်းနှီးမြှုပ်နှံလာရန် အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်လျက်ရှိပါကြောင်း၊ အဓိကအနေဖြင့် ရင်းနှီးမြှုပ်နှံသူများအတွက် ခိုင်မာသည့် အာမခံချက်နှင့် စီးပွားရေး အကျိုး ရလဒ်များအတွက် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ အကာအကွယ်ပေးထားပါ ကြောင်း၊ ယခုဆိုလျှင် မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့စေရေး စီမံချက် Myanmar Economic Recovery Plan (MERP) ကို စည်းကမ်းစနစ်တကျဖြင့် ရေးဆွဲထားပြီး အမြန်ဆုံး အကောင် အထည်ဖော်လျက်ရှိပါကြောင်း၊ ထိုစီမံချက်တွင် လုပ်ငန်းအစီအစဉ် ၁၀ ခု၊ မျှော်မှန်းချက် ၃၀ ၊ ရလဒ် ၁၆၅ ခုနှင့် လုပ်ငန်းစဉ်ပေါင်း ၄၃၀  ပါဝင်ပါကြောင်း၊ စီမံချက်သည် ကာလတို၊ ကာလ လတ်စီမံချက် ဖြစ်သော်လည်း အချို့လုပ်ငန်းစဉ်များကို ကာလရှည်ဆက်လက် အကောင် အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယင်းစီမံချက်ထဲတွင် နိုင်ငံ တကာမှ ရင်းနှီးမြှုပ်နှံလိုသူများအတွက် နံပါတ်တစ် အာမခံချက်၊ နံပါတ်နှစ် နိုင်ငံတကာမှ စီးပွားရေးစံသတ်မှတ်ချက်၊ နံပါတ်သုံး လုံခြုံရေး၊ နံပါတ်လေး လိုအပ်လာပါက အခြားသော ဖြေလျှော့မှုများကို အဓိကထားဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံလိုသူ များအနေဖြင့် ပြင်ပကမ္ဘာမှ မဟုတ်မမှန် လုပ်ကြံချဲ့ကား သတင်းများကို မယုံကြည်ကြဘဲ စိတ်ချလက်ချ ရဲရဲတင်းတင်း မြန်မာနိုင်ငံတွင် လာရောက်ရင်း နှီးမြှုပ်နှံကြပါရန် အလေး အနက် ဖိတ်ခေါ်လိုပါကြောင်း ဖြေကြားသည်။

 

ထို့နောက် ဂျပန်သတင်းဌာန Kyodo News ၏ ICJ ကြားနာမှုနှင့် ပတ်သက်၍ ဂမ်ဘီ ယာနိုင်ငံ ၏ စွတ်စွဲမှုများကို မည်သို့ ချေပကိုင်တွယ်သွားမည်လဲ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည် ထောင်စုဝန်ကြီးက မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ၌ ၁၉၄၈ ခုနှစ်၊ လူမျိုးတုန်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူ စာချုပ် (Convention on the Prevention and Punishment of Crime of Genocide) ကို ကျူးလွန်ဖျောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်တွင် တရားစွဲဆို ခဲ့ပါကြောင်း၊ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားခြင်းနှင့် ပတ်သက်၍ တရားရုံးတွင် စီရင်ခွင့် မရှိကြောင်း၊ ဂမ်ဘီယာနိုင်ငံအနေဖြင့်လည်း တရားစွဲဆိုခွင့်မရှိကြောင်း၊ ကနဦး ကန့်ကွက်လွှာ ကို မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံးသို့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ (၂၀)ရက်တွင် တင်သွင်းခဲ့ပါကြောင်း၊ မြန်မာနိုင်ငံက တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာနှင့်ပတ်သက် သည့် ကြားနာမှုကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၈ ရက် အထိ ပြုလုပ်လျက်ရှိပါကြောင်း၊ အဆိုပါ ကနဦး ကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲတွင် မြန်မာနိုင်ငံ၏ ပထမအကြိမ် နှုတ်ဖြင့်လျှောက်လဲမှုကို ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံကိုယ်စားလှယ် (Agent) ဖြစ်သူ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့်အတူ ပူးတွဲ ကိုယ်စားလှယ်(Alternate Agent) ဖြစ်သူ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ပါဝင်တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က အဖွင့် မိန့်ခွန်းပြောကြားခဲ့ပါကြောင်း၊ ထို့နောက် မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံတကာရှေ့နေများက မြန်မာနိုင်ငံမှ တင်သွင်းခဲ့သည့် ကနဦးကန့်ကွက်ချက်များနှင့်ပတ်သက်၍ တရားရုံးသို့ တင်ပြ လျှောက်လဲခဲ့ကြပါကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့် ဒုတိယအကြိမ်နှုတ်ဖြင့် လျှောက်လဲမှုကို ဖေဖော်ဝါရီ ၂၅ ရက် တွင်လည်းကောင်း၊ ဂမ်ဘီယာနိုင်ငံ၏ ပထမအကြိမ်နှုတ်ဖြင့်လျှောက်လဲမှုကို ဖေဖော်ဝါရီ ၂၈ ရက်တွင်လည်းကောင်း ပြုလုပ်သွားကြမည်ဖြစ်ကြောင်း ဖြေကြားသည်။

 

ဆက်လက်၍ ဂျပန်သတင်းဌာန Asahi Shinbon ၏ NUG သည် ရိုဟင်ဂျာများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုမည်ဖြစ်ကြောင်း ကြေညာထားသည်ကို သိရှိရကြောင်း၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သဘောထားမှာ ရိုဟင်ဂျာများ နိုင်ငံသားအဖြစ် အသိ အမှတ်ပြုရေး ကိစ္စတွင် မည်သို့ရှိသည်ကို သိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန၏ မှတ်တမ်း များ အရလည်းကောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ အင်္ဂလိပ်အစိုးရ လက်ထက် ကောက်ယူသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများစာရင်းတွင် လည်းကောင်း၊ ၁၈၈၁ ခုနှစ်၊ ၁၈၉၁ ခုနှစ်၊ ၁၉၂၁ ခုနှစ်နှင့် ၁၉၃၁ ခုနှစ် လူဦးရေ သန်းခေါင်စာရင်း များတွင်လည်းကောင်း၊ လွတ်လပ်ရေးရပြီး ကောက်ယူသည့် ၁၉၅၃-၁၉၅၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း (ပထမအဆင့်)၊ ၁၉၇၃ ခုနှစ် လူဦးရေသန်းခေါင်စာရင်း၊ ၁၉၈၃ ခုနှစ် လူဦးရေသန်းခေါင်စာရင်းနှင့် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်း ခေါင်စာရင်းတို့တွင်လည်းကောင်း ရိုဟင်ဂျာ ဟူသည့် အမည်ပါဝင်ခဲ့ခြင်း မရှိကြောင်း၊ နယ်ချဲ့ဗြိတိသျှကိုလိုနီခေတ် သန်းခေါင်စာရင်းတွင် ပါဝင်ခဲ့ခြင်းမရှိသည့်အပြင် ဗြိတိသျှခေတ် (Gazette) များ၌လည်း ပါဝင်ခဲ့ခြင်း မရှိခဲ့ကြောင်း။

 

တစ်ဖက်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လိုသူ ဘင်္ဂါလီလူမျိုးများသည် ၎င်း တို့မှာ ဘင်္ဂါလီလူမျိုးများမဟုတ်ကြောင်း ရိုဟင်ဂျာလူမျိုးအဖြစ်သာ အသိအမှတ်ပြုရန် အတင်း အကြပ် တောင်းဆိုနေခြင်းဖြစ်ပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနသည် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ တိုင်းရင်းသားများအား မွေးရာပါ နိုင်ငံသားများအဖြစ်လည်းကောင်း၊ တိုင်းရင်းသားမဟုတ်သူများအား ဥပဒေအရ နိုင်ငံသား အဖြစ် လည်းကောင်း၊ လူမျိုး၊ ဘာသာ၊ ယောင်္ကျား၊ မိန်းမမရွေး ဆောင်ရွက်ပေး လျက်ရှိပါ ကြောင်း၊ ဥပဒေအရ နိုင်ငံသားအဖြစ် နိုင်ငံသားလျှောက်ထားသူများအနက် မည်သည့် လက်မှတ်မျှ ကိုင်ဆောင်ခြင်းမရှိသူများသည် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံလက်မှ (NV Card) ကို ထုတ်ပေးလျက်ရှိပြီး (NV Card)  ကိုင်ဆောင်ထားသူများသည် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ အဖြစ် အဆုံး အဖြတ်ခံ လျှောက်ထားခွင့်ရှိပါကြောင်း၊ NV Card အား မြန်မာနိုင်ငံအတွင်း တရားဝင် နေထိုင် လျက်ရှိကြပြီး မည့်သည့်အထောက်အထား တစ်စုံတစ်ရာ ကိုင်ဆောင်ထားခြင်း မရှိသူ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊  ဘင်္ဂါလီ၊ ဂေါ်ရခါး၊ ကိုးကန့်၊ ခိုလုံလီရှောနှင့် မုန်းဝန်း လူမျိုးတို့အား ထုတ်ပေးထားပါကြောင်း ဖြေကြားသည်။

 

ယင်းနောက် NUG သည် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက် ဖြေရှင်းခွင့်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အစိုးရကိုယ်စားပြုအဖွဲ့များက ICJ ကြားနာပွဲသို့ တက်ရောက်နေသည်ကို သိရှိရ ကြောင်း၊ ယင်းသို့ ကုလသမဂ္ဂ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သော ICJ တွင် နိုင်ငံတော် စီမံအုပ် ချုပ်ရေးကောင်စီကိုယ်စားလှယ်များ တက်ရောက်ခြင်းက နိုင်ငံတကာ အသိုင်းအဝိုင်း အနေ ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိ အမှတ်ပြုရာ ရောက်ပါသလား မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံ တစ်နိုင်ငံ၏ လက်ရှိအခြေအနေများကို လက်တွေ့ကျကျ ကိုင်တွယ်ဖြေရှင်းနိုင်သည့် အစိုးရဟု သတ်မှတ်ယုံကြည်မှုရှိ၍သာ ယခုကိစ္စကို နိုင်ငံတကာတရားရုံး (ICJ)တွင်  လာရောက် ဖြေရှင်း ရန် ဖိတ်ခေါ်ခြင်းဖြစ်သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မြန်မာနိုင်ငံ၏ တရား ဝင်အစိုးရဖြစ်သည်ဆိုခြင်းကို ယုံမှားသံသယဖြစ်စရာအကြောင်း လုံးဝ(လုံးဝ) မရှိပါကြောင်း ဖြေကြားသည်။ 

 

သတင်းစဉ်