ပန်းရံတော်ချောင်းရေလျှံပြီး ရပ်ကွက်အတွင်း ရေများဝင်ရောက်၍ သဲဖို့

မန္တလေး  ၅  နိုဝင်ဘာ

မန္တလေးမြို့နှင့် အနီးဝန်းကျင် ဒေသများတွင် နိုဝင်ဘာ ၄ ရက် နံနက် ၃ နာရီမှ စတင်ပြီး ညနေ ၅ နာရီ အထိ မိုးများရွာသွန်းခဲ့သဖြင့် ဆည်တော်ကြီးရေ၊ တောင်ကျရေနှင့် မိုးရွာသွန်းမှုကြောင့် မိုးရေများ ဝင်ရောက်မှုကြောင့် ပန်းရံတော်ချောင်းမှ ရေများလျှံ၍ မန္တလေးခရိုင် ပြည်ကြီးတံခွန်မြို့နယ် (ဃ)ရပ်ကွက် အတွင်းသို့ ညနေ ၆ နာရီခန့်တွင် ရေများဝင်ရောက်လာခဲ့သည်။

 

ယင်းကြောင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးစောဟန်၊ မန္တလေးတိုင်းဒေသကြီး ဒုတိယတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးဌေးဝင်း၊ မန္တလေးခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်ကိုကို၊ ပြည်ကြီးတံခွန်မြို့နယ် မီးသတ်ဦးစီးမှူး၊ သန္ဓေနှင့်ဒေသအရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် စည်ပင်လုပ်သားများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သဲဖို့ခြင်းလုပ်ငန်းများ ကူညီဆောင်ရွက်ပေးခဲ့သည်။

မောင်ပြည်သူ(မန္တလေး)