ပြည်တွင်းရွေးကောက်ပွဲများတွင် ကြီးမားသောဆုံးရှုံးမှု မိုဒီ ကြုံတွေ့ရ

အိန္ဒိယ အာဏာရ ပါတီသည် အဓိက ပြည်နယ် ၅ ခုရှိ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီး အဆိုပါ ရှုံးနိမ့်မှုသည် လာမည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် မည့်ဝန်ကြီးချုပ် နာရိန္ဒရာ မိုဒီ အတွက် စိုးရိမ်ရဖွယ် လက္ခဏာ ဖြစ်နိုင်ကြောင်း နှင့် အဓိက အတိုက်အခံ ပါတီကို ထောက်ခံသူများက ၎င်းတို့ပါတီ အနိုင်ရရှိသည့် ကြေညာချက်ထွက်ပေါ်လာခြင်းကြောင့် ပျော်ရွှင်စွာကခုန်ခဲ့ကြကြောင်း သိရသည်။

အာဏာရ ပါတီကို အစဉ်တစိုက် ထောက်ခံခဲ့သည့် လူဦးရေ ထူထပ်များပြားသော ပြည်နယ် ၃ ခုရှိ ပြည်သူများအပါအဝင် ပြည်နယ် ၅ ခုတွင်  နိုဝင်ဘာ နှင့် ဒီဇင်ဘာလများက  ဆန္ဒမဲပေးပွဲ ကျင်းပခဲ့ကြောင်း သတင်းဖော်ပြထားသည်။

အိန္ဒိယ အမျိုးသား ကွန်ဂရက် ပါတီ ခေါင်းဆောင် ရာဟူးလ် ဂန္ဒီ က အဆိုပါ ဆန္ဒမဲပေးပွဲရလဒ် သည်  မိုဒီအစိုးရအပေါ် ပြည်သူများ ကျေနပ်မှုမရှိကြောင်း ဖော်ပြခြင်း ဖြစ်သည်ဟု ဆိုသည်။

မဲဆွယ်စည်းရုံးရေးလုပ်ဆောင်နေစဉ်အတွင်း  မိုဒီသည် နိုင်ငံ၏ စီးပွားရေး ရုတ်ခြည်း တိုးတက်လာခြင်းကို အလေးထားပြောဆိုခဲ့သော်လည်း ကျွမ်းကျင်သူများက နိုင်ငံ လူဦးရေ၏ ၆၀ ရာခိုင်နှုန်းဖြစ်သော လယ်သမားများက ၎င်းတို့ကို မိုဒီ အစိုးရက လျစ်လျူရှု ပစ်ပယ်ထားခြင်း ကို ခံစားရသည်ဟု ဆိုသည်။

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို