ပြည်တွင်းပြည်ပ ဝယ်လက်ဆုံမှုကြောင့် မန္တလေးဈေးကွက်အတွင်း ပြောင်းဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာ

မန္တလေး ၁၆ ဇွန်

 

မြန်မာ့လယ်ယာထွက်ကုန် ပြောင်းသီးနှံဈေးနှုန်းများ ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံနှင့် ပြည်တွင်းဝယ်လက်များမှ ဝယ်လိုအား ကောင်းမွန်လာမှုကြောင့် မန္တလေးဈေးကွက်တွင် နေ့စဉ်တရိပ်ရိပ်မြင့်တက်ကာ ဇွန် ၁၆ ရက်၌ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် သုံးသောင်းနီးပါးအထိ ပေါက်ဈေးရှိနေကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။

 

ယခုလို ပြောင်းဈေးနှုန်းကောင်းမွန်သည့်အချိန်တွင် ဒေသစုံမှ စိုက်ပျိုးထွက်ရှိသည့် ပြောင်းသီးနှံများ မန္တလေးဈေးကွက်သို့ သွက်လက်စွာ ဝင်ရောက်လျက်ရှိနေပြီး မကြာမီ လာမည့်ဇူလိုင်လဆန်း၌လည်း စစ်ကိုင်းတိုင်းဒေသကြီး ရေဦး၊ ကျွန်းလှမြို့နယ်များနှင့် နေပြည်တော် တပ်ကုန်း၊ ပျဉ်းမနားမြို့နယ်များမှ စိုက်ပျိုးထွက်ရှိလာသည့် ပြောင်းများ ဈေးကွက်သို့ ဝင်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။

 

လက်ရှိကာလတွင် မန္တလေးပဲဈေးကွက်၌ ပြောင်းသီးနှံ ဈေးနှုန်းများကဲ့သို့ ယခင်ရက်ပိုင်းအတွင်းက သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၉၈၀ဝ၀ နှုန်းအထိ ဈေးနှုန်းကျဆင်းခဲ့သည့် ပဲတီစိမ်းမှာလည်း တရုတ်နိုင်ငံ၏ ဝယ်လိုအားကြောင့် ဇွန် ၁၆ ရက်တွင် သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၀၈၀ဝ၀ နှုန်းအထိ မြင့်တက်ကာ အရောင်းအဝယ်များလည်း သွက်လက်မြန်ဆန်လျက်ရှိနေကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)

 

mdn