ပြည်ထောင်စုဝန်ကြီးဦးအုန်းမောင် ၂၀၁၈ ခုနှစ်ဂျပန်ခရီးသွားပြပွဲနှင့် ဒုတိယအကြိမ် ဝန်ကြီးများအဆင့် စားပွဲဝိုင်းဆွေးနွေးပွဲသို ့ တက်ရောက်

နေပြည်တော်  ၂၃  စက်တင်ဘာ  

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် စက်တင်ဘာ (၂၀) ရက် နံနက်ပိုင်းတွင် ဂျပန်နိုင်ငံ တိုကျိုမြို ့ရှိ Tokyo Big Sight Convention Centre တွင် ကျင်းပသော၂၀၁၈ ခုနှစ် ဂျပန်ခရီးသွားပြပွဲ (Toursim Expo Japan 2018) (JATA) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ မြန်မာနိုင်ငံပြခန်းကို ဖွင့်လှစ် ပေးသည်။

 

ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ဒုတိယအကြိမ်မြောက် ကမ္ဘာ့ခရီး သွားလုပ်ငန်း အဖွဲ့(UNWTO)နှင့် ခရီးသွားဝန်ကြီးများအဆင့်စကားဝိုင်းဆွေးနွေးပွဲ  (2nd Tourism Expo Japan Ministerial Round Table in Collaboration-with UNWTO ) သို့ တက်ရောက်ပါဝင်ဆွေးနွေးသည်။ အဆိုပါဆွေးနွေးပွဲကို “ ရပ်ရွာလူထုဖွံ့ဖြိုး တိုးတက်မှု အတွက် ရေရှည်တည်တံ့ခိုင်မြဲသောခရီးသွားလုပ်ငန်း “ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ပြီး အဓိက နယ်ပယ်ငါးခုဖြစ်သော ရေရှည်တည်တံ့ရေးနှင့် တာဝန်ယူမှုရှိသောခရီးသွားလုပ်ငန်း တိုးတက်ရေး ၊ ကောင်းမွန်သော ခရီးသွားလုပ်ငန်းဆိုင်ရာ မူဘောင်ရေးဆွဲရေး၊ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍအကြားနည်းပညာပူးပေါင်းဆောင်ရွက်မှုကိုဖော်ဆောင်ရေး ၊ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးရေးနှင့် ခရီးသွားဧည့်သည်များဧ။် ခရီးသွားလာမှုပုံစံများ ပြောင်းလဲ လာခြင်းတို့ကိုအာဆီယံအဖွဲ့ဝင် (၅)နိုင်ငံနှင့်သီရိလင်္ကာနိုင်ငံ ၊ဆူဒန်နိုင်ငံ ၊ ဘူတန်နိုင်ငံ ၊ အိုက်စလန်နိုင်ငံ ၊ လတ်ဗီးယားနိုင်ငံ ၊ မက္ကဆီကိုနိုင်ငံ ၊ မွန်ဂိုလီးယားနိုင်ငံတို ့မှ ခရီးသွား ဝန်ကြီးများ၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့(UNWTO) ၊ကမ္ဘာ့ခရီးသွားကောင်စီ (WTTC), အာရှ-ပစိဖိတ်ခရီးသွား လုပ်ငန်းအဖွဲ့(PATA)နှင့် အာဆီယံခရီးသွားနှင့် ကုန်သွယ်ရေး အဖွဲ့(ATTA)တို ့မှ အတွင်းရေးမှူးချုပ်များ ၊ CEO များ ၊ စုစုပေါင်း ၁၉ ဦးတို့မှ မိမိတို ့ဧ။် အမြင်နှင့် ခံယူချက်များကိုဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ 

 

ပြည်ထောင်စုဝန်ကြီးသည် ညနေပိုင်းတွင် World Travel and Toursim Council ဧ။် ဧည့်ခံကြိုဆိုပွဲ အခမ်းအနားကိုတက်ရောက်သည်။ ဆက်လက်၍ ဂျပန်နိုင်ငံမြေယာ အခြေခံအဆောက်အအုံ၊ ပို ့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်းဝန်ကြီး  Mr. Keiichi ISHII နှင့် တွေ့ဆုံခြဲ့ပီး နှစ်နိုင်ငံခရီးသွားလုပ်ငန်းမြှင့်တင်ရေး ၊ မြန်မာ - ဂျပန် ခရီးသွား လုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှု သဘောတူစာချွန်လွှာလက်မှတ်ရေးထိုးရေး ၊ ၂၀၁၉  ဇန်နဝါရီလ တွင် ရန်ကုန်မြို့၌ ချယ်ရီပန်းများစိုက်ပျိုးရေးဂျပန်ခရီးသည်များအားဗီဇာဖြေလျော့ပေးမည့် ကိစ္စရပ်များအားဆွေးနွေးခဲ့ကြသည်။ 

 

စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ ့ချုပ် ဥက္ကဌနှင့် ခရီးသွားလုပ်ငန်းရှင်များသည် ဂျပန်-မြန်မာချယ်ရီ ပန်းစိုက်ပျိုးရေးအသင်းနှင့်၊ ဂျပန်-မြန်မာပါလီမန်ဆိုင်ရာ ချစ်ကြည်ရေး အသင်းတို့၏ ဥက္ကဌMr.AISAWA ICHIRO နှင့် တွေ ့ဆုံခဲ့သည်။ 

 

တွေ့ဆုံပွဲအပြီးတွင် Japan Tourism Agency သို ့သွားရောက်၍ ဂျပန်-မြန်မာ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်စင် နှင့်အတူ တက်ရောက်ခဲ့သည်။ ၄င်းနားလည်မှုစာချွန်လွှာကို Japan Toursim Agency မှ Comissioner Mr. Hiroshi Tabataနှင့် ဟိုတယ်နှင့်ခရီးညွန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းတို ့ လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါနားလည်မှု စာချွန်လွှာအရနှစ်နိုင်ငံကြား ခရီးသွားလုပ်ငန်း သတင်းအချက်အလက်များဖလှယ်ရေး ၊ ခရီးသွား လုပ်ငန်းဈေးကွက် မြှင့်တင်ရေး ၊ ခရီးသွားလူ ့စွမ်းအားအရင်းအမြစ်များဖွံ ့ဖြိုးရန် အထောက်အကူပေးရေးနှင့် နှစ်နိုင်ငံ ပြည်သူများအပြန်အလှန် ခရီးသွားလာရာတွင် လုံခြုံစိတ်ချ ဘေးကင်းစေရေးတို့ကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ 

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သတင်းမီဒီယာများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံဧ။် ခရီးသွားလုပ်ငန်းဖွံ့ ဖြိုးတိုးတက်မှု အခြေအနေ၊ ဂျပန် ခရီးသွားများ မြန်မာနိုင်ငံသို ့လာရောက်နိုင်ရန်ဗီဇာကင်းလွတ်ခွင့်ပေးမည့် အစီအစဉ်များ၊ အနာဂတ် ခရီးသွား ဈေးကွက်မြှင့်တင်ရေးနှင့် ရှေ ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြား ခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးကျော်မင်းထင်က မြန်မာနိုင်ငံဧ။် ပုံရိပ်အမှတ်တံဆိပ် အသစ်ဖြစ်သော စွဲမက်ဖွယ်ရာ ပြည်မြန်မာ (Myanmar - Be Enchanted) ကိုမိတ်ဆက်ရှင်းလင်းခဲ့ပြီး မီဒီယာများမှ မေးမြန်းသည်များကို ပြန်လည်ဖြေကြားခဲ့သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာပြခန်း၌ ကျင်းပသည့် မြန်မာညနေခင်း အခမ်းအနားသို့တက်ရောက်သည်။ မြန်မာပြခန်းတွင် မြန်မာ့ရိုးရာစောင်း၊ ဦးရွှေရိုးအကဖြင့် ဖျော်ဖြေခြင်း ၊ ချင်း ၊ ရခိုင်၊ ရှမ်းရိုးရာအကများဖြင့် ဖျော်ဖြေခြင်း မြန်မာ့တိုင်းရင်းသား ဝတ်စုံ များကို ဝတ်ဆင်၍ အမှတ်တရ ဓာတ်ပုံ ရိုက်ကူးခြင်းအစီအစဉ်များဖြင့် ဆောင်ရွက်ခဲ့ရာ ပြပွဲသို့ ဧည့်ပရိတ်သတ်များစွာ လာရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းမှလည်း စားသောက်ဆိုင်ခန်းဖွင့်လှစ်၍ မြန်မာရိုးရာအစားအစာ များကို ရောင်းချခဲ့ရာပြပွဲသို့လာရောက်သောဧည့်သည်များက ကြိုက်နှစ်သက်စွာအားပေး ခဲ့ကြသည်။

 

Tourism EXPO JAPAN 2018 တွင် မြန်မာနိုင်ငံအနေဖြင့် ဟိုတယ်နှင့် ခရီးသွားကုမ္ပဏီ ၁၃ ခုတို ့မှ ပါဝင် ပြသခဲ ့ပြီး မြန်မာနိုင်ငံဧ။်ခရီးစဉ်ဒေသများကို မြှင့်တင် ရောင်းချခဲ့သည်။ ယခုနှစ် ပြပွဲတွင် နိုင်ငံပေါင်း ၁၃၆ နိုင်ငံမှ ကုမ္ပဏီနှင့် အဖွဲ့အစည်းပေါင်း ၁၄၄၁ ခုတို ့က ပြခန်းများပါဝင်ပြသခဲ့ကြခဲ့ကြောင်း သိရသည်။ 

 

(သတင်းစဉ်)