ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို ရန်ကုန်တိုင်းဒေသကြီးရှိ ပါဠိပထမပြန်စာမေးပွဲစာဖြေဌာနများသို့ သွားရောက်၍ ကြီးကြပ်ရေးဆရာတော်များအား ဖူးမြော်ကြည်ညို

ရန်ကုန် ၁၈ ဇူလိုင်

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပါဠိပထမပြန်စာမေးပွဲစာဖြေဌာနများသို့ သွားရောက်၍ ကြီးကြပ်ရေးဆရာတော်များအား ဖူးမြော်ကြည်ညိုသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရန်ကင်းမြို့နယ်၊ မိုးကောင်းဘုရားဝင်း၊ မြို့နယ်သာသနာ့ ဗိမာန်အတွင်းရှိ ပါဠိပထမပြန်စာမေးပွဲစာဖြေဌာနသို့ သွားရောက်၍ ကြီးကြပ်ရေး ဆရာတော်များအား ဖူးမြော်ကြည်ညိုကာ  ဆရာတော်များထံ နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း၍ စာဖြေသံဃာ တော်များ၊သီလရှင်များနှင့် လူပုဂ္ဂိုလ်များ၏ စာမေးပွဲဖြေဆိုမှုကို လိုက်လံကြည့်ရှု ကြည်ညိုသည်၊၊

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ဉက္ကလာပမြို့နယ်၊ မြင်သာမြို့ဦးဓမ္မာရုံ၌ ကျင်းပသော  ပါဠိပထမပြန်စာမေးပွဲစာဖြေဌာနကို သွားရောက်၍ ကြီးကြပ်ရေးဆရာတော်များအား ဖူးမြော်ကြည်ညိုကာ  ဆရာတော်များထံ နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။

 

ထို့နောက် စာဖြေသံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များ၏ စာမေးပွဲဖြေဆိုမှုကိုကြည့်ရှု ကြည်ညိုခဲ့သည်။

 

သတင်းစဉ်