ရန်ကုန် ၁၇  ဇူလိုင်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ယနေ့ မွန်းလွဲပိုင်း တွင်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲ စာဖြေဌာနများသို့ သွားရောက်၍ ကြီးကြပ်ရေးဆရာတော်များအား ဖူးမြော်ကြည်ညိုသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း၊ မဟာဓမ္မရံသီ အိမ်တော်ရာစေတီတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်းရှိ ပါဠိပထမပြန်စာမေးပွဲစာဖြေဌာန၊ ကြီးကြပ်ရေးဆရာတော်များအား ဖူးမျှော်ကြည်ညိုကာ  ဆရာတော်များထံ နဝကမ္မဝတ္ထုငွေ များ ဆက်ကပ်လှူဒါန်း၍စာ ဖြေသံဃာတော်များ ဖြေဆိုမှုကို ကြည့်ရှုကြည်ညိုသည်၊၊

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဗဟန်းမြို့နယ်၊အဘိဓမ္မာ ရတနာဃရ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသော အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲစာဖြေ ဌာနကို သွားရောက်ပြီးကြည့်ရှု ကြည်ညို၍ ကြီးကြပ်ရေးဆရာတော်များအား ဖူးမြော် ကြည်ညိုကာ  ဆရာတော်များထံ နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် စာမေးပွဲဖြေဆိုကြသည့် စာဖြေသံဃာတော်များဖြေဆိုမှုကို ကြည်ညိုခဲ့သည်။

အလားတူ ဒုတိယဝန်ကြီး ယနေ့မွန်းလွဲ ၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာ အောင်မြေမြို့နယ်၊ မြတောင်ကျောင်းတိုက်၊  ရာပြည့်ဗိမာန်တော်ကြီး၌ ကျင်းပသည့် ပထမပြန် စာဖြေဌာနသို့ သွားရောက်၍ ကြီးကြပ်ရေးဆရာတော်များအား ဖူးမြော်ကြည်ညိုကာ ဆရာတော်များထံ နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီး ချမ်းအေးသာစံမြို့နယ်၊ ပရိယတ္တိ သာသနာ့ဟိတအသင်း သာသနာ့ဗိမာန်တော်၌ ကျင်းပသည့် အစိုးရဓမ္မာစရိယ စာမေးပွဲ စာဖြေဌာနသို့ သွားရောက်၍ ကြီးကြပ်ရေးဆရာတော်များအား ဖူးမြော်ကြည်ညိုကာ ဆရာတော် များထံ Mask နှင့် Handgel များအား ဆက်ကပ်လှူဒါန်းပြီး စာဖြေသံဃာတော်များ ဖြေဆိုမှုကိုကြည့်ရှု ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။    

(သတင်းစဉ်)