ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီးနှင့် အီတလီနိုင်ငံ သံအမတ်ကြီးတို့ ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်   ၁၈   နိုဝင်ဘာ

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး Mr. Kristian Schmidt နှင့် အီတလီနိုင်ငံ သံအမတ်ကြီး Mrs. Alessandra SCHIAVO တို့ ဦးဆောင်သည့် EuroCham Myanmar Energy Advocacy Group အား ယနေ့ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတွင် နိုင်ငံတကာကုမ္ပဏီများနှင့် လက်ရှိဆောင်ရွက်နေမှုအခြေအနေနှင့် အနာဂတ်တွင်ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးရေးအတွက် ရေတို/ရေရှည်အစီအမံများနှင့် ပုဂ္ဂလိက နှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ စီမံကိန်းများဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှု ရှိရှိဖြင့် ဆောင်ရွက်နေသည့် အစီအမံများ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကဏ္ဍဖွံ့ဖြိုးတိုးတက် စေရန် အမျိုးသားအဆင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကော်မတီ၏ လက်ရှိဆောင်ရွက်မှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ဥရောပသမဂ္ဂနိုင်ငံများမှ ကုမ္ပဏီများမြန်မာနိုင်ငံ၏ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံလျက်ရှိသည့် အစီအစဉ်များ၊ လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် European Investment Bank များမှ Financial ဆိုင်ရာ Grant နှင့် Loan အထောက်အပံ့ ပေးနိုင်မည့် အစီအစဉ်များ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကဏ္ဍနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာမူဝါဒနှင့်ပတ်သက်သည့် အစီအစဉ်များ၊ အနာဂတ်လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတွင် ပုဂ္ဂလိကမှ တာဝန်ယူဆောင်ရွက်နိုင်ရေးဆိုင်ရာ အစီအမံများ၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ ရင်းနှီးမြှုပ်နှံလျက်ရှိသော အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)