ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် နယ်သာလန်နိုင်ငံသံအမတ်ကြီး တို့တွေ့ဆုံ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Wouter Jurgens နှင့် ယနေ့ ညနေပိုင်းတွင်  နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး၌ တွေ့ဆုံသည်။ 
 
တွေ့ဆုံစဉ် ချင်းတွင်းမြစ် ရေလမ်းကြောင်းကောင်းမွန်ရေး ဖြစ်မြောက်နိုင်စွမ်း လေ့လာဆောင်ရွက်ထားမှုများ၊ ပို့ဆောင်ရေး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် အနာဂတ် ပူးပေါင်းဆောင်ရွက်ရန် အလားရှိသည့် ရေကြောင်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ဆွေးနွေးကြသည်။ 
 
(သတင်းစဉ်)