ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် Hanoi Metro မိုးပျံရထားလမ်း တည်ဆောက်ရေး စီမံကိန်း လုပ်ငန်းခွင်နှင့် Vietnam Railway ရုံးချုပ်သို့ သွားရောက်လေ့လာ

နေပြည်တော်  ၁၈   နိုဝင်ဘာ

 

(၂၅) ကြိမ်မြောက်၊ အာဆီယံပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ တက်ရောက်ရန် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ရောက်ရှိနေသည့် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် အဖွဲ့သည် နိုဝင်ဘာ ၁၆ ရက်နံနက်ပိုင်းက HanoiMetro မိုးပျံရထားလမ်းတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက် လေ့လာရာစီမံကိန်း တာဝန်ရှိသူများကလိုက်လံ ရှင်းလင်းပြသကြပြီး၊ CathLinh ဘူတာမှ Vanh Dai 3 ဘူတာအထိ လိုက်ပါစီးနင်း၍ လေ့လာကြည့်ရှုသည်။

 

ထို့နောက် စီမံကိန်းစီမံခန့်ခွဲမှုအဖွဲ့ (PMU) ရုံးခန်းတွင ်တာဝန်ရှိသူများက HanoiMetro စီမံကိန်းနှင့် PMU ဖွဲ့စည်း ဆောင်ရွက်ပုံနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

 

Hanoi Metro (CathLinh- Ha Dong Line) သည် အရှည်အားဖြင့်  ၁၃ ဒသမ ကီလိုမီတာ၊ ဘူတာ (၁၂) ဘူတာပါဝင်ပြီး စီမံကိန်းရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ (၈၆၈)သန်း ဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးပြီဖြစ်၍ မကြာမီ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Vietnam Railway ရုံးချုပ်သို့ ရောက်ရှိရာ Deputy DirectorGeneral, Mr.PhanQuocAnh နှင့် အဖွဲ့က ဗီယက်နမ် နိုင်ငံရထား ကဏ္ဍလက်ရှိ အခြေအနေနှင့် အနာဂတ်အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာလ ၁၆ ရက်ညပိုင်းက ဗီယက်နမ်နိုင်ငံမှ လေကြောင်းခရီးဖြင့်  ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)