ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း သြစတြေးလျနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး အထက်လွှတ်တော်အမတ် The Honourable Maris Payne ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားတွေ့ဆုံ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် သြစတြေးလျနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနှင့် အထက်လွှတ်တော်အမတ် The Honourable Maris Payne ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

 

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးဖြစ်ပေါ်တိုးတက်မှုများနှင့် နှစ်နိုင်ငံဆက်ဆံရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်။ 

 

တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ရန်ကုန်မြို့ရှိ သြစတြေးလျသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Jeremy Kruse တို့ တက်ရောက်ကြသည်။ 

 

 

ညနေပိုင်းတွင် သြစတြေးလျနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးအထက်လွှတ်တော်အမတ် TheHonourableMaris Payne ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်မှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။ 

 

(သတင်းစဉ်)