ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း United Nations Department of Economic and Social Affairs    (UN DESA) မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်  ၁၈   နိုဝင်ဘာ

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် United Nations Department of Economic and Social Affairs (UN DESA)မှ Committee for Development Policy(CDP) ၏အတွင်းရေးမှူး Roland Duco Maximiliaan Mollerus ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (Least Developed Country-LDC) အဆင့်မှ လွတ်မြောက်နိုင်ရေးကြိုးပမ်းမှု၊ ယင်းသို့ကြိုးပမ်းစဉ်ကာလအတွင်း ကြုံတွေ့ရမည့် အခြေအနေများ၊ LDC အဆင့်မှ လွတ်မြောက်ပြီးနောက် တွေ့ကြုံရ မည့်အကျိုးဆက်များနှင့် စိန်ခေါ်မှုများ၊ CDP အတွင်းရေးမှူးရုံးမှ Impact Assessment ပြုစုရေးသားမည့်ကိစ္စ၊ LDC မှ လွတ်မြောက်ပြီးနောက် ဖွံ့ဖြိုးမှုစီမံကိန်းများနှင့်အညီ Post gratuation comprehensive strategies များ ရေးဆွဲဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 

(သတင်းစဉ်)