ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း  အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့  Head of Indo-Burma Group, Mr. Jake Brunner နှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်  ၁၈  နိုဝင်ဘာ

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (International Union for Conservation of Nature - IUCN) , Head of Indo-Burma Group, Mr. Jake Brunner နှင့် ယနေ့နံနက် ၁၁ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

 

တွေ့ဆုံစဉ် မုတ္တမပင်လယ်ကွေ့ဒေသ ဂေဟစနစ်ထိန်းသိမ်းရေး ဆောင်ရွက်မှုနှင့် ငါးသယံဇာတ ပြန်လည်တိုးပွားလာမှု၊ သံလွင်မြစ်ကြောင်း ထိန်းသိမ်းရေးအတွက် အဆိုပြုလွှာ ရေးဆွဲရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ Global Environment Facility (GEF) ၏ ရန်ပုံငွေဖြင့် IUCN မှဆောင်ရွက်မည့် သစ်တောပြန်လည်တည်ထောင်ရေး လုပ်ငန်းစီမံကိန်း၏ မြို့နယ် ၆ မြို့နယ်တွင်  ဆောင်ရွက်မည့် လုပ်ငန်းများ၊  ရေရှားပါးမှုကြောင့် အပူပိုင်းဇုန်တွင် ဖြစ်ပေါ်သည့် သစ်တောဖုံးလွှမ်းမှု ကျဆင်းခြင်းအား အထောက်အကူပေးနိုင်မည့် အစီအမံများ၊ မြန်မာနိုင်ငံအပါအဝင် မဲခေါင်ဒေသတွင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မည့် သစ်ဆွေးမြေ ဂေဟစနစ် စီမံအုပ်ချုပ်မှုလုပ်ငန်းစီမံကိန်း ဆောင်ရွက်မည့်အစီအမံများ၊ ကဏန်း၊ ပုဇွန်အပါအဝင် ရေနေသတ္တဝါများ ရေရှည်တည်တန့်ရေး၊ ဂေဟစနစ် ထိန်းသိမ်းရေးအတွက် ဒေသခံများပူးပေါင်း ပါဝင်သည့် ဒီရေတောထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ ဒီရေတောအား အခြားမြေ အဖြစ်အသုံးချမှု ကြီးကြပ်ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်မှုတို့နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သိရသည်။

 

ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

(သတင်းစဉ်)