ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ပုသိမ်မြို့၊ သမိုင်းဝင်ဆုတောင်းပြည့် လေးကျွန်းရန်အောင် ဖောင်တော်ဦး စေတီတော်အား ဖူးမြော်ကြည်ညို

နေပြည်တော်  ၆ ဇန်နဝါရီ

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည်  သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသသာသနာ နုဂ္ဂဟအသင်း (ဗဟို)ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေတို့နှင့်အတူ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့သို့ ယမန်နေ့ မွန်းလွဲပိုင်းတွင် ရောက်ရှိသည်။

 

ပြည်ထောင်စုဝန်ကြီးသည် ညနေ(၄)နာရီတွင်  ပုသိမ်မြို့၊ သမိုင်းဝင် ဆုတောင်းပြည့် လေးကျွန်းရန်အောင် ဖောင်တော်ဦး စေတီတော်မြတ်ကြီးသို့ ရောက်ရှိဖူးမြော်ကြည်ညိုပြီး စေတီတော် ဘက်စုံပြုပြင် တည်ဆောက်ရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။ 

 

(သတင်းစဉ်)