ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ယာဉ်/ယန္တရားများ စုဖွဲ့ထားရှိမှု ကြည့်ရှုစစ်ဆေး

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စုဖွဲ့သိုလှောင်ထားရှိသည့် ယာဉ်/ယန္တရားများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ရှေးဦးစွာ မိတ္ထီလာခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး တာဝန်ခံက နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသည့် လုပ်ငန်းများအတွက် အရေးပေါ်သုံးစွဲနိုင်ရန် ယာဉ်/ယန္တရားများ စုဖွဲ့ထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြခဲ့သည်။

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က ယာဉ်/ယန္တရားများ၏ စက်စွမ်းအား အပြည့်အဝအသုံးချနိုင်ရေးအတွက် စဉ်ဆက်မပြတ် ကြံ့ခိုင်မှု ပြုလုပ်ထားရှိရေး၊ အရေးပေါ်အခြေအနေများ၌ အချိန်နှင့်တစ်ပြေးညီ အသုံးပြုနိုင်ရန်အတွက် ဆောင်ရွက်ထားရှိရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

 

ထို့နောက် ယာဉ်/ယန္တရားများ ကြံ့ခိုင်မှုအတွက် စမ်းသပ်မောင်းနှင်မှုများကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ 

 

(သတင်းစဉ်)