ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ADPC Myanmar Office မှတာဝန်ရှိသူများ တွေ့ဆုံ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် Asian Disaster Preparedness Centre (ADPC) Myanmar Office ဦးဆောင်သည့် Myanmar Preparedness Task Force အဖွဲ့ဝင်များသည် ယနေ့တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
 
 
တွေ့ဆုံစဉ် ADPC နှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန တို့အကြား နားလည်မှုစာချွန်လွှာ ရေးထိုး၍ ဆောင်ရွက်လျက်ရှိသော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ဘေးလျော့ပါးရေး ဆိုင်ရာများ၊ Myanmar Action Plan on Disaster Risk Reduction(MAPDRR) ကို ၂၀၁၇ ခုနှစ်တွင် ပြင်ဆင်ရေးဆွဲပြီးဖြစ်၍ သဘာဝဘေး နှင့်ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်ချက် များကို MAPDRR ဖြင့် ချိတ်ဆက်ဆောင်ရွက်ရေး၊ အာရှဒေသ သဘာဝဘေးကြိုတင်ပြင်ဆင်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု(APP)အစီအစဉ် မှတဆင့် အစိုးရနှင့် ဒေသခံလူမှုရေး အဖွဲ့အစည်း များ၊ ပုဂ္ဂလိကကဏ္ဍများ နှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ များ၊ နိုင်ငံအဆင့်တွင် Myanmar Preparedness Partnership (MPP) မှတဆင့် သဘာဝဘေး ကြိုတင်ပြင်ဆင်ရေးတွင် ဒေသအဆင့်အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်း၍ မြန်မာနိုင်ငံရှိ ခရိုင်(၈)ခုတို့တွင် ဆောင်ရွက်ပြီးစီးခဲ့သည့်လုပ်ငန်းများ၊ ၂၀၁၉ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် စတုတ္ထအကြိမ်မြောက် အာရှကြိုတင်ပြင်ဆင်ရေး မိတ်ဆက်ဆောင်ရွက်မှု ဒေသဆိုင်ရာကော်မတီ အစည်းအဝေးကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အခြေအနေများကို ဆွေးနွေးကြသည်။
 
(မောင်မင်းနိုင်)