ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံ မျက်မမြင်များအသင်း တာဝန်ရှိသူများနှင့်တွေ့ဆုံ

နေပြည်တော် ၄   နိုဝင်ဘာ 


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံ မျက်မမြင်များအသင်းမှ တာဝန်ရှိသူများ က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ ဆွေးနွေးသည်။


တွေ့ဆုံစဉ် မြန်မာနိုင်ငံ မျက်မမြင်များအသင်းဥက္ကဌ၊ အထွေထွေအတွင်းရေးမှူးနှင့် မသန်စွမ်းသူများအသင်းချုပ်ဒုတိယဥက္ကဌတို့က နိုင်ငံတော်က စီမံဆောင်ရွက်ပေးစေလိုသည့် အချက်များ တင်ပြဆွေးနွေးရာတွင် လက်ရှိထူထောင်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသော မျက်မမြင်ကျောင်းများ၊ အဖွဲ့အစည်းများအား အသိအမှတ်ပြုသည့်လုပ်ထုံးလုပ်နည်းများ တွင် ပိုမိုချောမွေ့စေရန်စီမံဆောင်ရွက်ပေးရေး၊ အမြင်အာရုံမသန်စွမ်းသူများ အန္တရာယ် ကင်းစွာသွားလာနိုင်ရေး အထောက်အကူပြုစနစ်များ ထားရှိဆောင်ရွက်ပေးရေး၊ နိုင်ငံတော် က ရိုက်နှိပ်ထုတ်ဝေသော ငွေစက္ကူများကို အမြင်အာရုံမသန်စွမ်းသူများ လက်လှမ်းမီအသုံးပြု နိုင်သည့် ပုံသဏ္ဌန်ဖြင့်ထုတ်ဝေပေးနိုင်ရေး၊ ကျောင်းသားကျောင်းသူများ ပညာဆည်းပူးရာ တွင်လည်းကောင်း၊ စာမေးပွဲဖြေဆိုရာတွင်လည်ကောင်း ပိုမိုထိရောက်လွယ်ကူစေသည့် အစီ အမံများချမှတ်ဆောင်ရွက်ပေးရေး၊ အမြင်အာရုံမသန်စွမ်းသူများအတွက် Copy Right  သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးနှင့် အမြင်အာရုံမသန်စွမ်းသူများ အတွက် အကျိုးပြုလုပ်ငန်းများဆောင်ရွက်နေသော အဖွဲ့အစည်းများရုံးပိုင်မြေနေရာ ရရှိစေ ရေးပံ့ပိုးကူညီဆောင်ရွက်ပေးရေးတို့ကို တင်ပြဆွေးနွေးကြသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြား ရေးမှူးချုပ်တို့က ဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 


(သတင်းစဉ်)