ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကုလသမဂ္ဂလက်ထောက် အတွင်းရေးမှူးချုပ်၊ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး တို့နှင့် သီးခြားစီတွေ့ဆုံ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ်၊ UNDP ၏ လက်ထောက်အုပ်ချုပ်ရေးမှူးနှင့် အာရှ - ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဖြစ်သူ Mr. HaoliangXu ဦးဆောင်သောအဖွဲ့၊ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးနှင့် အထက်လွှတ် တော်အမတ် The Honourable Marise Payne တို့ကို ယနေ့တွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ သီးခြားစီတွေ့ဆုံသည်။
 
ကုလသမဂ္ဂလက်ထောက် အတွင်းရေးမှူးချုပ် ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံရာ တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် UNDP တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံချက်များ၊ ရခိုင်ပြည်နယ်သို့ သွားရောက်၍ လေ့လာ သည့် ခရီးစဉ်မှ လေ့လာတွေ့ရှိချက်များ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရခိုင် ပြည်နယ် အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ နောက် ဆုံးအခြေအနေများ၊ နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်၊ IDP စခန်းများ ပိတ်သိမ်းရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာ ဆောင်ရွက်နေမှုများ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရေးအတွက် UEHRD ကော်မတီမှ တစ်ဆင့် လူငယ်လုပ်အားပေးများနှင့် ကြက်ခြေနီလှုပ်ရှားမှု တို့ဖြင့် ဆောင်ရွက်နေမှုများ၊ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ရုံး၊ AHA Centre တိ်ု့နှင့် ချိတ်ဆက်ဆောင်ရွက် မှုများ၊ ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနနှင့် UNDP ၊ UNHCR တို့နှင့် နားလည်မှုစာချွန်လွှာ ရေးထိုးဆောင်ရွက်မှု အခြေအနေများ၊ UNDP မှ တင်ပြထား သော Quick Impact Projects များ နှင့်စပ်လျဉ်း၍ သဘောထားအမြင်များနှင့် ခွင့်ပြုချက် ရရှိရေး၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် UNDP မှ ပူးပေါင်းပါဝင်နိုင်ရေး တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
 
ဆက်လက်၍ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးနှင့် အထက်လွှတ်တော်အမတ် နှင့် တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် နှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများ၊ နိုင်ငံခြားရေးဝန်ကြီး ၏ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်မှ တွေ့ရှိချက်များ နှင့်သိရှိလိုသည့် အချက် များ၊ ရခိုင်ပြည်နယ်ရှိ ရှိရင်းစွဲ IDP စခန်းများ ပိတ်သိမ်းခြင်း နှင့်စပ်လျဉ်း၍ အမျိုးသား အဆင့် မဟာဗျူဟာကို ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာကျွမ်းကျင်ပညာရှင်များ နှင့်ပူးပေါင်း၍ ဆောင်ရွက်နေမှုများ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာ - ဘင်္ဂလားဒေ့ရှ် နားလည်မှုစာချုပ်ရေးထိုး၍ ပူးပေါင်းဆောင်ရွက်နေမှုများ၊ မြန်မာ ဘက်မှ ပြင်ဆင်ထားရှိမှုများနှင့် အဆင်သင့်ဖြစ်နေမှုများ၊ လွတ်လပ်စွာသွားလာခွင့်၊ နိုင်ငံသားဖြစ်ခွင့် တို့နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် UEHRD စီမံကိန်းကဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာများ၊ သြစတြေးလျနိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး တို့နှင့်ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးကြသည်။
 
(သတင်းစဉ်)