ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်  တရုတ်ကွန်မြူနစ်ပါတီ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယအထွေထွေ အတွင်းရေးမှူး မစ္စတာ ခွန်ဒေါင်‌ဝေနှင့် တွေ့ဆုံဆွေးနွေး

နန်နင်း  ၂၀  နိုဝင်ဘာ

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံ တောင်ပိုင်းရှိ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် နန်နင်းမြို့သို့ ရောက်ရှိပြီး လိယွမ်ဧည့်ဂေဟာ၊ အပြည်ပြည်ဆိုင်ရာ အစည်းအဝေး စင်တာတွင် တရုတ်ကွန်မြူနစ်ပါတီ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယ အထွေထွေအတွင်းရေးမှူး မစ္စတာ ခွန်ဒေါင်‌ဝေ  ဦးဆောင်သော အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးကြသည်။

 

02

 

တွေ့ဆုံစဉ် နှစ်နိုင်ငံမီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍ၊ ကုန်သွယ်ရေး နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှုများအတွက် အထောက်အကူပြုနိုင်ရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

 

03