ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မြန်မာနိုင်ငံ သတင်းစာထုတ်ဝေသူများနှင့် ပတ်လည်ပုံနှိပ်စက် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

ရန်ကုန် ၂၁ စက်တင်ဘာ  


ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သော ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ သတင်းစာထုတ်ဝေသူများနှင့် ပတ်လည်ပုံနှိပ်စက် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ  တွေ့ဆုံဆွေးနွေးမှုကို ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌   ကျင်းပပြုလုပ်သည်။  


တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သတင်းစာထုတ်ဝေသူများနှင့် ပတ်လည်ပုံနှိပ်စက် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


တွေ့ဆုံစဉ် မြန်မာနိုင်ငံသတင်းစာထုတ်ဝေသူများနှင့် ပတ်လည်ပုံနှိပ်စက်လုပ် ငန်းရှင်များအသင်းကို သတင်းစာထုတ်ဝေသူများ၊ ပတ်လည်ပုံနှိပ်စက်လုပ်ငန်းရှင်များနှင့် ဆက်စပ်လုပ်ငန်းရှင်များစုပေါင်း၍ ဖွဲ့စည်းထားရှိမှု၊ အသင်းအနေဖြင့် လူမှုရေးကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်မှုမှသည် စီးပွားရေးအဖွဲ့အစည်းတစ်ခု အဖြစ် ရေရှည်တည်တံ့အောင်မြင်စေရန်နှင့် လုပ်ငန်းတွင် ကြုံတွေ့ရမည့်အခက်အခဲများကို စုပေါင်းဖြေရှင်းမှုဖြင့် ကာကွယ်နိုင်ရန် စသည့် ရည်ရွယ်ချက်များထားရှိမှု၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးစေလိုမှုနှင့် ပုံနှိပ်လောကအပါအဝင် မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။


သတင်းစဉ်

 

mdn