ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် (၇) ကြိမ်မြောက် တရုတ်- တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်-သွင်းကုန် ကုန်စည်ပြပွဲနှင့် ဆက်စပ်အခမ်းအနားများသို့ တက်ရောက်

ကူမင်း ဩဂုတ် ၁၇

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် သည် ယမန်နေ့ မွန်းလွဲပိုင်းက Grater Mekong Economic Corridor Governor Forum သို့ တက်ရောက်ရန် ရောက်ရှိနေကြသော လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံ များဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နန် နိုင်ငံတို့မှ အဖွဲ့ခေါင်းဆောင်များနှင့်အတူ ယူနန်ပြည်နယ် ကူမင်းမြို့ ဂွမ်ဒူးလွတ်လပ်သော ကုန်သွယ်မှုရှေ့ပြေးဇုန်နယ်မြေသို့ လေ့လာရေးခရီး သွားရောက်ခဲ့သည်။

အဆိုပါ လေ့လာရေးခရီးအတွင်း ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် Junfa-New Luosiwan International Trade City နှင့် Junfa-New Luosiwan International Trade Mall သို့ သွားရောက်လေ့လာခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် China (Yunnan) Pilot Free Trade Zone သို့ ရောက်ရှိခဲ့ပြီး International Trade Enterprises Cluster Park ၊ International Commodity Exhibition and Trading Center ရှိ မြန်မာ့ထုတ်ကုန်ပြခန်းများသို့ လှည့်လည်ကြည့်ရှုအားပေးကာ Guandu Ecommerce Industrial Park ရှိ China- South Asia South East Asia Cross Border E-Commerce Industry Cluster ရှိ Tiktok Live Broadcasting Room များကို ကြည့်ရှုလေ့လာ၍ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ၊ ရင်းနှီးမြှုပ်နှံမှုပုံစံများကို ထုတ်ဖော်ဆွေးနွေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များအား ဂွမ်ဒူးခရိုင် ပြည်သူ့အစိုးရ၏ ခရိုင်အုပ်ချုပ်ရေးမှူး Mr. Li Dehong က ရှေ့ပြေးဇုန်၏ လက်ရှိရင်းနှီးမြှုပ်နှံမှုအခြေအနေနှင့် အနာဂတ် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များကို ရှင်းလင်းပြသခဲ့သည်။

ယင်းနောက် ဂွမ်းဒူးဒေသ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ China (Yunnan) Pilot Free Trade Zone ၏ အမှုဆောင်အရာရှိဖြစ်သူ Mr. Fang Yuan က ဇုန်၏ ရင်းနှီးမြှုပ်နှံမှုနှင့် ရှေ့အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တာဝန်ရှိသူများက ရင်းနှီးမြှုပ်နှံမှုနှင့်လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ယူနန်စိုက်ပျိုးရေးတက္ကသိုလ်တွင် တက်ရောက်နေသည့် ပညာသင် ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံကာ ပညာရေးဝန်ဆောင်မှု ပူးပေါင်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးမှာကြားခဲ့သည်။

သတင်းစဉ်