ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း စက်မှုဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်မည့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်နှင့်စစ်ကိုင်း)တို့မှ AGTI ဒီပလိုမာ ရရှိသည့် ကျောင်းသား/ကျောင်းသူများနှင့်တွေ့ဆုံ

နေပြည်တော် မေ ၂

စက်မှုဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်မည့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်နှင့်စစ်ကိုင်း)တို့မှ AGTI ဒီပလိုမာ ရရှိသည့် ကျောင်းသား/ ကျောင်းသူများနှင့်တွေ့ဆုံခြင်း အခမ်းအနားကို ယနေ့မွန်းလွှဲပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်မည့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်နှင့်စစ်ကိုင်း)တို့မှ AGTI ဒီပလိုမာရရှိသည့် ကျောင်းသား/ကျောင်းသူများကို လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ စက်မှုဝန်ကြီးဌာနကို ၂၀၂၁ခုနှစ် မေ ၃ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့် ကြော်ငြာစာအမှတ်၊ (၁၁၇/၂၀၂၁)အရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနမှ စက်မှု ဝန်ကြီးဌာနအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စုဝန်ကြီးရုံး၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အမှတ်(၁)အကြီးစား စက်မှုလုပ်ငန်း၊ အမှတ်(၂)အကြီးစား စက်မှုလုပ်ငန်း၊ အမှတ်(၃)အကြီးစား စက်မှုလုပ်ငန်း၊ မြန်မာ့ဆေးဝါးလုပ်ငန်းတို့ ဖွဲ့စည်းထားရှိကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်နှင့်စစ်ကိုင်း) တို့မှ သင်တန်းဆင်း AGTI ဒီပလိုမာလက်မှတ်ရ (၁၅) ဦးကို လစာနှုန်း ၁၉၈၀၀ဝိ-၂၀၀ဝိ-၂၀၈၀၀ဝိ တန်း၊ ထုတ်လုပ်ရေးကျွမ်းကျင် (၃)/ စက်မှုစီမံ (၃) စသည့် ရာထူးများဖြင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသို့ (၄) ဦး၊ အမှတ်(၁) အကြီးစား စက်မှုလုပ်ငန်းသို့ (၅)ဦး၊ အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်းသို့ (၃)ဦး၊ မြန်မာ့ဆေးဝါး လုပ်ငန်းသို့ (၃)ဦးတို့ကို တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း။

သင်တန်းဆင်း မောင်တို့/မယ်တို့အနက် အင်ဂျင်နီယာဘွဲ့ သင်တန်းတက်ရောက်ရန် အဆင့်မီသူများကို လုပ်ငန်းခွင်တွင် (၁)နှစ်တာဝန်ထမ်းဆောင်စေပြီး နီးစပ်ရာတက္က သိုလ်များတွင် တာဝန်ချိန်အဖြစ်သတ်မှတ်၍ ဆက်လက်တက်ရောက်နိုင်ရေးကိုလည်း စီမံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ မောင်တို့/ မယ်တို့သည် နိုင်ငံ့ဝန်ထမ်းအဖြစ် စတင်တာဝန်ထမ်းဆောင်ကြ မည်ဖြစ်သဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်များကို လိုက်နာကြ ရမည်ဖြစ်ကြောင်း၊ မောင်တို့/မယ်တို့ တာဝန်ကျရာ ဦးစီးဌာန/စက်မှုလုပ်ငန်းများ၊ စက်ရုံ၊ အလုပ်ရုံများတွင် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး ကိုယ်ကျင့်တရား ကောင်းမွန်စွာဖြင့် ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် တာဝန်ထမ်းဆောင်ကြရန်နှင့် ဝန်ထမ်းကောင်းများအဖြစ် စံနမူနာပြဖြစ်အောင် ကျင့်ကြံနေထိုင်သွားကြရန် မှာကြားလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မောင်တို့/မယ်တို့သည် Associate   of Government Technical Institute (AGTI) မှ အသိအမှတ်ပြုထားသည့် နည်းပညာကျမ်းကျင်သူများ ဖြစ်ကြောင်း၊ နည်းပညာကျွမ်းကျင်သူများအနေဖြင့် လုပ်ငန်းခွင်တွင် (၂)နှစ် လက်တွေ့ ဆောင်ရွက်ပြီးနောက် မှတ်ပုံတင်နည်းပညာကျွမ်းကျင်သူများဖြစ်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် နိုင်ငံတော်နှင့် ဝန်ကြီးဌာနက အားကိုးရသည့် ဝန်ထမ်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက ဦးစီးဌာနနှင့် စက်မှုလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်မည့် သင်တန်းဆင်းများ၏ ရုံးအမိန့်စာများကို ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြား ရေးမှူးများထံ ပေးအပ်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်