ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရေအရင်းအမြစ်ဝန်ကြီးနှင့် တွေ့ဆုံ

နေပြည်တော် ၅ နိုဝင်ဘာ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရေအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး  E Jing Ping နှင့် အဖွဲ့အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးအတွက် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများ၊ ဧရာဝတီမြစ်ရေဘေးကာကွယ်ရေးတာနှင့် ငဝန်မြစ်ရေဘေးကာကွယ်ရေးတာများ၏ အဆင့်မြှင့်တင်ပြုပြင်ခြင်း စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် စပါးအဓိကစိုက်ပျိုးထုတ်လုပ်သော ဒေသများအတွင်း ဆည်မြောင်းစနစ်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးကြသည်။

သတင်းစဉ်