ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ကမ္ဘာ့ဘဏ် Social Development ဆိုင်ရာ Global Director နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်  ၁၇  ဇန်နဝါရီ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် ယနေ့ မွန်းလွဲ ၂ နာရီတွင် ကမ္ဘာ့ဘဏ်မှ Social Development ဆိုင်ရာ Global Director , Ms. Louise Cord နှင့် အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

 

520

 

တွေ့ဆုံစဉ် ကျေးလက်လူထုအခြေပြု လုပ်ငန်းများတွင် ပူး‌ပေါင်းဆောင်ရွက်မည့်ကိစ္စ၊ လူထုဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် လူထုအခြေခံသော သဘာဝဘေးအန္တရာယ် တုံ့ပြန်ကာကွယ်ရေး လုပ်ငန်းစဉ်များတွင် နိုင်ငံသားများ၏ ပါဝင်မှုနှင့် တာဝန်ခံဆောင်ရွက်မှု၊ ကျားမရေးရာ ကိစ္စရပ်များနှင့် လူထုဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင် ညှိနှိုင်းဆောင်ရွက်နေမှုများ၊ လူထုဗဟိုပြုစီမံကိန်းအား  မြို့နယ် (၆၃) မြို့နယ်အား အကောင်အထည်ဖော်လျှက်ရှီရာ (၂၇)မြို့နယ်တွင် စီမံကိန်းစက်ဝန်း (၄)နှစ် ပြီးဖြစ်ပြီး ကျန် စီမံကိန်း မြို့နယ် (၃၆) မြို့နယ်တို့တွင် စီမံကိန်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေမှု၊ လူထုဗဟိုပြု စီမံကိန်းဆောင်ရွက်ခြင်းဖြင့် ကျေးလက်လူနေမှုအဆင့်အတန်း မြင့်မားလာမှုနှင့် အကျိုးစီးပွား ဖြစ်ထွန်းလာနေမှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်နိုင်မှု၊ ကျေးလက် မီးလင်းရေးလုပ်ငန်း ဆောင်ရွက်နေမှု၊ အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်း၊ အသက် မွေးဝမ်းကျောင်းလုပ်ငန်းများ၊ ငြိမ်းချမ်းရေး ရယူထားသော ဒေသများအတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းဆိုင်ရာ အခွင့်အရေးများ ပိုမိုရရှိစေရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)