မြစ်ကြီးနား၊ ၈ ဇွန်

 

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) ပညာရေးဘွဲ့(B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၉)သို့ ဝင်ခွင့်လျောက်လွှာများကို မေလတတိယပတ်မှ ဇွန်တတိယပတ်အထိ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် လျောက်ထားနိုင်ကြောင်း မြစ်ကြီးနားမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

 

အဆိုပါ သင်တန်းများကို လျှောက်ထားသူသည် ယခင်ပညာသင်နှစ်နှင့် ယခုပညာသင်နှစ်တို့တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး အသက်(၁၆)နှစ်ပြည့် အသက်(၁၉)နှစ်ထက် မကျော်လွန်သူ၊ ဘာသာတွဲအလိုက် လိုအပ်သည့် တက္ကသိုလ်ဝင်တန်းအောင်သည့် အမှတ်ပြည့်မီရေးနှင့် ဒေသခံတိုင်းရင်းသား/ တိုင်းရင်းသူများ ဦးစားပေးလျှောက်ထားနိုင်ပြီး လိုအပ်သည့် စာရွက်စာတမ်း အချက်အလက်များနှင့် အရည်အချင်းများအား စစ်ဆေးပြည့်စုံမှသာ ဝင်ခွင့်စာမေးပွဲများကို ဖြေဆိုရမည်ဖြစ်သည်။

 

လျှောက်ထားလိုသူများသည့် ဇွန် ၂၀ ရက်ထက် နောက်မကျစေဘဲ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် လျောက်လွှာပုံစံများ ထုတ်ယူ၍ လျှောက်ထားတင်ပြနိုင်ပြီး အသေးစိတ်အချက်အလက်များ သိရှိလိုပါက သက်ဆိုင်ရာ မြို့နယ်အလိုက် မြို့နယ်ပညာရေးမှူးရုံးများသို့ သွားရောက်စုံစမ်းနိုင်ကြောင်း သတင်းရရှိသည်။

 

မိုဃ်းကျ(မြစ်ကြီးနား)