ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) မိုးရာသီ အားကစားပြိုင်ပွဲများ ကျင်းပ

စစ်ကိုင်း ဇူလိုင် ၂၆

 

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပြည်ထောင်စုတိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၃ ခုနှစ် မိုးရာသီအားကစား ပြိုင်ပွဲများကို ဇူလိုင် ၇ ရက်မှစတင်၍ ကျင်းပလျက်ရှိပြီး ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းနှင့် စားပွဲတင်တင်းနစ် အားကစားပြိုင်ပွဲများ အုပ်စုပတ်လည်အဆင့် ယှဉ်ပြိုင်ကစားလျက်ရှိသည်။

 

အဆိုပါ အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ဇူလိုင် ၃၁ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ယင်းနေ့တွင် အမျိုးသားဘောလုံး ဗိုလ်လုပွဲစဉ်ကို ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကာ အားကစား အမျိုးအစားအလိုက် ဆုရရှိသည့် အသင်းများကို ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)