ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်တွေ့ဆုံ

articles_advs

နေပြည်တော် ၁၄ ဇန်နဝါရီ

 

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Virginia Gamba နှင့်အဖွဲ့ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကို ပြဌာန်းခဲ့မှုပြီး လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုနှင့် စပ်လျဉ်းသည့် ကလေးသူငယ်များ၏ အခွင့်အရေးများဆိုင်ရာ နောက်ဆက်တွဲစာချုပ်သို့ အတည်ပြုဝင်ရောက်နိုင်ခဲ့မှု၊ ကလေးသူငယ်များ လက်နက်ကိုင်ပဋိပက္ခအတွင်းပါဝင်မှုနှင့် ထိခိုက်နစ်နာမှုများကို ကာကွယ်နိုင်ရန်အတွက် ထည့်သွင်းပြဌာန်းထားသည့် ပြဌာန်းချက်များကို အများပြည်သူနှင့် ဥပဒေအကောင်အထည်ဖော်မည့် အဖွဲ့အစည်းများ သိရှိနိုင်ရန်အတွက် ဥပဒေအသိပညာပေးရေး လုပ်ငန်းများကို ပြည်ထောင်စုရှေ့နေချုပ်ရုံး အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နေမှုများ၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ စီမံကိန်းများတွင် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ Country Tasks Force on Monitoring and Reporting (CTFMR) ၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည် အစီအစဉ်များကို ဆွေးနွေးကြသည်။

 

သတင်းစဉ်