ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း International IDEA ၏ Asia and Pacific Director နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ၁၀  မတ် 

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် International Institute for Democracy and Electoral Assistance (International  IDEA) ၏ Asia and Pacific Director Ms. Leena Rikkila Tamang နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဧည့်တွေ့ ခန်းမဆောင်၌ တွေ့ဆုံသည်။ 

 

2505

 

တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ချမှတ်ထားသည့် စံ (၅) ချက်နှင့်အညီ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းများ ဆောင်ရွက်နေမှု၊ ရွှေ့ပြောင်းလုပ်သား မဲဆန္ဒရှင်များနှင့် တိုက်ပွဲရှောင် မဲဆန္ဒရှင်များ မဲပေးခွင့်ရရှိရေး စီစဉ်ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ရွေးကောက်ပွဲဖြစ်စဉ်များနှင့်စပ်လျဉ်းသည့် အမုန်းစကားများနှင့် သတင်းအမှားများ တားဆီးကာကွယ်ရေး  ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ International IDEA ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်လျက်ရှိသည့် STEP II Democracy အစီအစဉ်၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

 

(သတင်းစဉ်)