ပြည်ထောင်စုနေ့သဝဏ်လွှာပြုစုရေးဆပ်ကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်  ၁၈   နိုဝင်ဘာ 

(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာပြုစုရေးဆပ်ကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်၊ ပညာရေး ဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတ၏  (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာပြုစု ရေးဆပ်ကော်မတီဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အဖွင့်အမှာ စကားပြောကြားသည်။ ဆက်လက်၍ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးအောင်စိုးက သဝဏ်လွှာ(မူကြမ်း)အားရှင်းလင်းတင်ပြရာ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များက သဝဏ်လွှာနှင့်ပတ်သက်၍ လိုအပ်သည်များကိုညှိနှိုင်းဆွေးကြသည်။

အခမ်းအနားသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ သဝဏ်လွှာပြုစုရေးဆပ် ကော်မတီဝင်ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)