ပြည်ထောင်စုလွှတ်တော်သို့လာရောက်လေ့လာ

နေပြည်တော် ၂ အောက်တိုဘာ

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဦးဆောင်သည့် ကြီးကြပ်သူ ဆရာ/ဆရာမများနှင့် ပညာရေးဘွဲ့(B.Ed) သင်တန်းသား/ သင်တန်းသူ စုစုပေါင်း(၃၀၂) ဦးတို့သည် ယနေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ လာရောက်လေ့လာခဲ့ကြသည်။

 

အဆိုပါ လေ့လာရေးအဖွဲ့အား လွှတ်တော်ဆိုင်ရာဗဟုသုတများနှင့် သိရှိလိုသည်များကို ပြည်ထောင်စုလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမှ ရှင်းလင်းပြောကြားသည်။ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ စတင်ကျင်းပသည့်ရက်မှ ယနေ့အထိ လွှတ်တော်သို့ လာရောက်လေ့လာသူပေါင်း (၅၈,၇၁၇) ဦးရှိပြီး၊ လွှတ်တော်သို့ လာရောက်လေ့လာလိုပါက ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံးတို့မှ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်ထံ လိပ်မူ၍(၃)ရက် ကြိုတင်ပေးပို့နိုင်ပါကြောင်း သိရသည်။

 

သတင်းစဉ်