ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသူ ကချင်ပြည်နယ် ခရိုင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများတွေ့ဆုံ

မြစ်ကြီးနား  ၉ ဇန်နဝါရီ  

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ရောက်ရှိနေသည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူသည် ယနေ့ ညနေ ၆ နာရီ ၄၅ မိနစ်တွင် ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဆမားဒူးဝါဆင်ဝါးနောင်ခန်းမ၌ ကချင်ပြည်နယ် ခရိုင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား တွေ့ဆုံသည်။

 

1

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးအား ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က အခမ်းအနားသို့ တက်ရောက်လာသူများနှင့်  မိတ်ဆက်ပေးသည်။

 

ထို့နောက် ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု ခြေအနေများကို ရှင်းလင်းတင်ပြသည်။ 

 

ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက အမှာစကားပြောကြားပြီး ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်ဆည်းမှာကြားပြီး ဆောင်ရွက်ရန်အချက်များကို လမ်းညွှန်မှာကြားသည်။ 

 

(သတင်းစဉ်)