ပြည်ထောင်စု တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) သင်တန်းဖွင့်ပွဲနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်၊ နိုဝင်ဘာ ၂၄

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဘွဲ့ ၅ နှစ် သင်တန်းများ၏ သင်တန်းဖွင့်ပွဲ အခမ်းအနားနှင့် ပညာရေးဘွဲ့သင်တန်း အမှတ်စဉ် (၁၁) သို့ တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို   ယမန်နေ့ နံနက်ပိုင်းတွင် ဘွဲ့နှင်းခန်းမ၌ကျင်းပရာ ပါမောက္ခချုပ်က သင်တန်းဖွင့်ပွဲ မိန့်ခွန်း မြွက်ကြားသည်။ 

ယင်းနောက်ကျောင်းသား၊ ကျောင်းသူများက အဆိုအကများဖြင့် ကပြဖျော်ဖြေတင်ဆက်ပြီး နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ ဌာနမှူးများ၊ ဌာနခွဲမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၃၆၁ ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

သတင်းစဉ်