ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ကို ရွေးကောက်တင်မြှောက်

နေပြည်တော် ၂၂ မတ်

 

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ထောက်ခံမဲ ၂၈၀ မဲဖြင့် ကွတ်ခိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတီခွန်မြတ်ကိုလည်းကောင်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ အဖြစ် ထောက်ခံမဲ ၂၇၀ မဲဖြင့် နောင်ချိုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန် ကိုလည်းကောင်း ရွေးကောက်တင်မြှောက်ခဲ့ပြီး ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့မှ ကတိသစ္စာပြုခြင်းနှင့် လက်မှတ် ရေးထိုးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

MDN