ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်း ဆောင်ရွက်မည်

နေပြည်တော် ၂၂ မတ်


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၃၁)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီမှာ ကျင်းပသွားမှာဖြစ်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်းနှင့် လိုအပ်လျှင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌကိုပါ ရွေးကောက်တင်မြှောက်သွားမည်ဖြစ်ကြောင်း  သိရသည်။

 

အစည်းအဝေးတွင် ရွေးကောက်တင်မြှောက်ခြင်းခံရသည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းတို့ကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

ထို့နောက် ပြည်သူ့လွှတ်တော် သဘာပတိက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအား တာဝန်လွှဲအပ်ခြင်းနှင့် ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားခြင်းတို့ကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရသည်။


မျိုးထက်ဦး(MDN)