ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာကြည့်ရှု

နေပြည်တော် ၂၀ ဒီဇင်ဘာ

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(၁၇) ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့်ဦးစိုးအောင်နိုင်၊ ကျုံပျော်မဲဆန္ဒနယ်၏ မိသားစုဝင်(၁)ဦး၊ ဦးဇော်မင်း၊ အုတ်ဖိုမဲဆန္ဒနယ်၏ မိသားစုဝင်(၃)ဦး၊ ဦးလှထွန်းအောင်၊ မလှိုင်မဲဆန္ဒနယ်၏ မိတ်ဆွေ (၅)ဦး၊ ဦးအေးမင်းအောင်၊ ပေါင်းတည်မဲဆန္ဒနယ်၏ မိတ်ဆွေ (၂၄)ဦး၊ ဒေါက်တာလှမိုး၊ အောင်မြေသာစံမဲဆန္ဒနယ်၏ မိတ်ဆွေများဖြစ်ကြသည့် Top ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဒေါက်တာဌေးခိုင် ဦးဆောင်သည့် အုပ်ချုပ်သူဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ(၄၁၄)ဦးနှင့် ဖောင်တော်ဦးပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးတွဲဖက် အထက်တန်းကျောင်းမှ ဦးအောင်မြင်သူဦးဆောင်သည့် အဖွဲ့ (၃၀) ဦး၊စုစုပေါင်း(၄၇၇)ဦးတို့သည် ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လေ့လာပြီးလွှတ်တော်အဆောက်အအုံများကို လေ့လာကြည့်ရှုခဲ့ကြသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးစတင်ကျင်းပသည့် နေ့ရက်မှ ယနေ့အထိပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာသည့် ဧည့်သည် စုစုပေါင်းမှာ ပြည်တွင်းဧည့်သည် ၄၄၃၉၇ ဦးနှင့် ပြည်ပဧည့်သည် ၁၉၅၁ ဦးရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)