ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာကြည့်ရှု

နေပြည်တော် ၁၀  သြဂုတ် 

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစဲကီကော်၊ မိုင်းခတ်မဲဆန္ဒနယ်၏ မိတ်ဆွေများဖြစ်ကြသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးမျိုးဝင်းအောင် ဦးဆောင်သည့် ဝန်ထမ်း(၁၀)ဦးနှင့် ရန်ကုန်ပညာရေးတက္ကသိုလ်မှ တွဲဖက်ပါမောက္ခဒေါ်နှင်းမာလွင် ဦးဆောင်သည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၂၈၀)ဦး၊ စုစုပေါင်း(၂၉၀)ဦးတို့သည် ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လေ့လာပြီး လွှတ်တော်အဆောက် အအုံများကို လေ့လာ ကြည့်ရှုခဲ့ကြသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပသည့် နေ့ရက်မှ ယနေ့အထိ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာသည့် ဧည့်သည် စုစုပေါင်း မှာ ပြည်တွင်းဧည့်သည် ၄၀ဝ၇၆ဦးနှင့် ပြည်ပဧည့်သည် ၁၇၉၆ ဦးရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)