ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာကြည့်ရှု

နေပြည်တော် ၂၅ ဇူလိုင်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးနိုင်ထူးအောင်၊ နွားထိုးကြီးမဲဆန္ဒနယ်၏ မိတ်ဆွေများဖြစ်သည့် ယုံကြည်ရာ အသိပညာပြန့်ပွားရေးအသင်းမှ ဒေါက်တာအောင်သိန်းမြင့် ဦးဆောင်သည့် သင်တန်းသား/ သင်တန်းသူများ (၂၆) ဦး၊ ဦးငြိမ်းသစ်၊ မဟာအောင်မြေ မဲဆန္ဒနယ်၏ မိတ်ဆွေများ (၄၂)ဦး၊ ပုသိမ်တက္ကသိုလ်၊ ဥပဒေပညာဌာနမှ ဒေါက်တာသိင်္ဂီအေး (ပါမောက္ခ/ဌာနမှူး) ဦးဆောင်သည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ (၈၇)ဦး၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ဒေါ်ခင်ဆုလှိုင် (ဒုတိယညွှန်ကြားရေးမှူး) ဦးဆောင်သည့် ကြီးကြပ်သူဝန်ထမ်းများနှင့် ကယားပြည်နယ်၊ ချင်းပြည်နယ်တို့မှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/အဖွဲ့မှ အဖွဲ့ဝင်များ (၁၂၃)ဦး စုစုပေါင်း (၂၇၈) ဦးတို့သည်  ယနေ့ နံနက် ၁ဝ နာရီတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လေ့လာပြီး လွှတ်တော်အဆောက်အအုံများကို လေ့လာကြည့်ရှုခဲ့ကြသည်။

 

mdn

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပသည့်နေ့ရက်မှ ယနေ့အထိ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာသည့် ဧည့်သည်စုစုပေါင်းမှာ ပြည်တွင်းဧည့်သည် ၅၂၅၅၅ ဦးနှင့် ပြည်ပဧည့်သည် ၂၂၁၇ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

သတင်းစဉ်