ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာကြည့်ရှု

နေပြည်တော်  ၆  သြဂုတ် 

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေးဆဋ္ဌမနေ့တွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးကျော်မြင့်၊ တိုက်ကြီးမဲဆန္ဒနယ်၏ မိတ်ဆွေငါးဦး၊ ဒေါက်တာလှမိုး၊ အောင်မြေသာစံမဲဆန္ဒနယ်၏ မိတ်ဆွေများဖြစ်ကြသည့် BRAIN BOX ACUMEN SCHOOL OF MANAGEMENT PRINCIPAL မှ ဦးစိုးမြင့်သန်းခေါင်း ဆောင်သည့် သင်တန်းသား/ သင်တန်းသူ (၂၂)ဦးနှင့် မန္တလေးတက္ကသိုလ်၊ နိုင်ငံတကာ ဆက်ဆံရေးပညာဌာနမှ ပါမောက္ခဒေါက်တာမြင့်မြင့်ဌေးခေါင်းဆောင်သည့် ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူ (၂၀၃)ဦး၊ စုစုပေါင်း(၂၃၀)ဦးတို့သည် ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လေ့လာပြီး လွှတ်တော် အဆောက်အအုံများကို လေ့လာကြည့်ရှုကြသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးစတင်ကျင်းပသည့် နေ့ရက်မှ ယနေ့အထိပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာသည့် ဧည့်သည် စုစုပေါင်းမှာ ပြည်တွင်းဧည့်သည် ၃၉၇၆၂ဦးနှင့် ပြည်ပဧည့်သည် ၁၇၉၆ ဦးရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)