ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာကြည့်ရှု

နေပြည်တော် ၁၉ ဒီဇင်ဘာ 
 
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဒေါ်ယဉ်မင်းလှိုင်၊ ဂန့်ဂေါမဲဆန္ဒနယ်၏ မိသားစုဝင် (၃)ဦး၊ ဦးခင်မောင်သိန်း၊ စစ်ကိုင်းမဲဆန္ဒနယ်၏ မိတ်ဆွေ(၄)ဦး၊ ဦးအေးနိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မဲဆန္ဒနယ်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်များ (၄၈)ဦးနှင့် ဦးကျော်မင်းလှိုင်၊ ဥတ္တရသီရိမဲဆန္ဒနယ်၏ မဲဆန္ဒရှင်ပြည်သူများ (၆၀)၊ စုစုပေါင်း (၁၁၅)ဦးတို့သည် ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လေ့လာပြီး လွှတ်တော်အဆောက်အအုံများကို လေ့လာကြည့်ရှုခဲ့ကြသည်။
 
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပသည့် နေ့ရက်မှ ယနေ့အထိ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာသည့် ဧည့်သည်စုစုပေါင်းမှာ ပြည်တွင်းဧည့်သည် ၄၃၉၂၆ ဦးနှင့် ပြည်ပဧည့်သည် ၁၉၄၅ ဦးရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။ 
 
(သတင်းစဉ်)