ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်း Food and Agriculture Organization (FAO) အဖွဲ့အစည်းအား တွေ့ဆုံ

နေပြည်တော် ၄ ဇွန်

 

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းသည် Food and Agriculture Organization (FAO) အဖွဲ့အစည်းအား ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ FAO ၏ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ ရာသီဥတုနှင့်ကိုက်ညီသော စိုက်ပျိုးရေးနည်းပညာသစ်များအား တောင်သူလယ်သမားများ သိရှိနိုင်ရေးနှင့် အသုံးချနိုင်ရေးအတွက် သင်တန်းများပို့ချပေးခြင်း ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)