ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဉီးခင်မောင်ဝင်း၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဉီးကြည်မိုးနိုင် ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ

နေပြည်တော်  ၁၈   နိုဝင်ဘာ 


ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဉီးခင်မောင်ဝင်းနှင့် လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဉီးကြည်မိုးနိုင်တို့သည် ရန်ကုန် နိုင်ငံရေးသိပ္ပံကျောင်းမှ ဉီးမျိုးအောင်ထွေး ဉီးဆောင်သောအဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-2) အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် ရေနံစူးစမ်းရှာဖွေခြင်း၊ တူးဖော်စမ်းသပ်ခြင်းနှင့် ထုတ်လုပ်ခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် ဥပဒေရေးရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ 


(သတင်းစဉ်)