ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ  ဦးစိုးသူရထွန်း ကမ္ဘာ့ဘဏ်မှ Sr. Natural Resources Management Specialist , Ms. Nina Doetinchem နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ၁၃  ဒီဇင်ဘာ

 

ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်းသည် ကမ္ဘာ့ဘဏ်မှ Sr. Natural Resources Management Specialist , Ms. Nina Doetinchem နှင့်အဖွဲ့အား ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

4

 

တွေ့ဆုံစဉ် သစ်တောကဏ္ဍနှင့်စပ်လျဉ်းသည့် စီမံကိန်းလုပ်ငန်းစဉ်များ၊ ရည်ရွယ်ချက်များ၊ မြန်မာနိုင်ငံ၏ သစ်တောပြန်လည်တည်ထောင်ရေးလုပ်ငန်းများ၊ သစ်တောထွက်ပစ္စည်းများ ဈေးကွက်မြှင့်တင်နိုင်ရေးနှင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော စိုက်ခင်းဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝအခြေပြု ခရီးသွားလုပ်ငန်း တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဥပဒေ၊ နည်းဥပဒေနှင့် အခွန်အခဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာတင်ပြ ဆွေးနွေးခဲ့ကြပြီး ကော်မတီဥက္ကဋ္ဌကပြန်လည် ရှင်းလင်းရာတွင် သစ်တောဆိုင်ရာမူဝါဒများ၊ သစ်တော ဥပဒေ၊ နည်းဥပဒေများ ပိုမိုပြည့်စုံကောင်းမွန်စေရေးအတွက် ကြိုးစားဆောင်ရွက်နေမှုအခြေ အနေများ၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်စိုက်ခင်း တည်ထောင်စိုက်ပျိုးသည့် ဒေသခံများ အတွက် ချေးငွေရရှိရေး  ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

 

(သတင်းစဉ်)