ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်း ကမ္ဘာ့ဘဏ်အုပ်စုမှ ပတ်ဝန်းကျင်ဆိုင်ရာ ဝါရင့်ကျွမ်းကျင်သူ Mr. Martin Fodor နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်းသည် ကမ္ဘာ့ဘဏ်အုပ်စုမှ ပတ်ဝန်းကျင်ဆိုင်ရာ ဝါရင့်ကျွမ်းကျင်သူ Mr. Martin Fodor နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
 
 
တွေ့ဆုံစဉ်  သစ်တော၊ ငါးလုပ်ငန်း၊ ပတ်ဝန်းကျင်နှင့် လေထုညစ်ညမ်းမှု စီမံခန့်ခွဲရေး ကဏ္ဍတို့အပေါ် တိုးတက်မှုများကို သုံးသပ်ရန်၊ သစ်တောကဏ္ဍ ရင်းနှီးမြှုပ်နှံမှုစီမံချက် ပြင်ဆင်ဆောင်ရွက်ရန်နှင့် စပ်လျဉ်းပြီး သစ်တောနှင့် ငါးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတ ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 
 
 
(သတင်းစဉ်)