နေပြည်တော် ၂၀ ဇွန်
ပြည်သူ့လွှတ်တော်၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်ထွန်းခိုင်သည် Chemonics International အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် Chemonics International အဖွဲ့အစည်းအနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် အကူအညီပေးနိုင်ရေး၊ ပြည်သူ့ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်မှု လုပ်ငန်းစဉ်များတွင် အကူအညီပေးနိုင်ရေး၊ ကျေးလက်ဒေသများကို အခြေခံ၍ အသေးစားချေးငွေလုပ်ငန်းများ လုပ်ကိုင်ရာတွင် အထောက်အပံ့ပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)