ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော် တို့သည် Chemonics International အဖွဲ့အစည်းအား တွေ့ဆုံ

နေပြည်တော် ၂၁  ဇွန်

 

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော်တို့သည် Chemonics International အဖွဲ့အစည်းအား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် USAID ၏ ငွေကြေးထောက်ပံ့မှုဖြင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများတွင် မူဝါဒပိုင်းဆိုင်ရာများ၊ အသေးစားချေးငွေ လုပ်ငန်းများ၊ စွမ်းအင်ထုတ်လုပ်မှုလုပ်ငန်းများစသည့် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်ရန် ကိစ္စရပ်များနှင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးနိုင်ရေး ကိစ္စရပ်များကို  ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)