ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ရန်ကုန်နည်းပညာတက္ကသိုလ် (၄) ခုမှ ဆရာ၊ဆရာမများ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ

နေပြည်တော် ၃၀  ဇူလိုင် 

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်သည် ရန်ကုန်နည်းပညာတက္ကသိုလ်(၄)ခုမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ်လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ လျှပ်စစ်အန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးရေးလုပ်ငန်းစဉ်များနှင့် လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် စပ်လျဉ်း၍ ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန် ဆွေးနွေးကြကြောင်း သိရသည်။ 

(သတင်းစဉ်)