ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း WHO Framework Convention on Tobacco Control Need Assessment Mission အဖွဲ့အား တွေ့ဆုံ

နေပြည်တော် ၉  မေ 

 

ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်းသည် WHO Framework Convention on Tobacco Control Need Assessment Mission အဖွဲ့အား ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ဆေးလိပ်နှင့်ဆေးရွက်ကြီးသောက်သုံးမှု ထိန်းချုပ်ရေး မဟာဗျူဟာ၊ FCTC 2030 : Strategy Myanmar နှင့်ပတ်သက်၍ ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်းများ သောက်သုံးမှု လျှော့ချနိုင်ရန် အရှိန်အဟုန်မြှင့်၍ အကောင်အထည် ဖော်ဆောင် ရွက်နေမှုများ၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ၏ လူမှုရေး၊ စီးပွားရေးနှင့် ကျန်းမာရေး ဆိုင်ရာဆိုးကျိုးများအား ပြည်သူလူထုအတွင်း အသိပညာဗဟုသုတနှင့် အလေ့ အကျင့်ကောင်း များ ပိုမိုပေါ်ထွန်းလာစေရန် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)